Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မကွေးမြို့အနီး ရစ်(ခ်)တာစကေး ၄  အဆင့်ရှိ မြေငလျင်လှုပ်

$
0
0

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီးမှာ  အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၀ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၃ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ၊  ၁၆ မိနစ် ၃၂  စက္ကန့် အချိန် ‌နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက်  ၇၆ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (မကွေးမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၃ မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၉၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်  ၉၄ ဒသမ ၉၉  ဒီဂရီ၊ အနက်  ၅၅  ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်

မနေ့ညကလည်း မကွေးတိုင်း သရက်မြို့မှာ အင်အား ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာန  ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ- မိုးဇလ

The post မကွေးမြို့အနီး ရစ်(ခ်)တာစကေး ၄  အဆင့်ရှိ မြေငလျင်လှုပ် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


မြတ်ဗုဒ္ဓ သာသနာ၏ အနှစ်သုံးပါး ( သီလ )


သမ္မတ ဖြစ်ချင်တဲ့ နောက်တစ်ဦး က ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အီကြာအော် - ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာ သမဒဂျီးလဲပွဲ