Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

စဥ့်ကူးတွင် ရေကြီးမှုကြောင့် အိမ်ခြေ ၃၀၀ ပျက်စီး၊ လူ ၁၀၀၀ နီးပါး အကူအညီလိုအပ်

$
0
0

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရေမြတ်ကျေးရွာ၊ ကျည်တောက်ပေါက်၊ နွယ်ရုံနဲ့ ရှောက်ပင်ရိုး တလျှောက်မှာ စက်တင်ဘာ ၁၈ ရက်နေ့ မနက်အစောပိုင်း ၂ နာရီကျော်လောက်က မိုးများပြီး ရေကြီးမှုကြောင့် အိမ်ခြေ ၃၀၀ ၀န်းကျင် ထိခိုက်ပျက်စီးပြီး လူ ၁၀၀၀ ၀န်းကျင် အကူညီတွေ လိုအပ်နေပါတယ်။

ရေမြတ်ကျေးရွာမှာ အိမ်ခြေ ၂၃၇ လုံး ထိခိုက်ပျက်စီးပြီး အဲ့ဒီထဲမှာ အိမ် ၅၃ လုံးမှာ သဲနှုန်း တွေနဲ့ ဖုံးအုပ်ခံလိုက်ရလိုက်ပါတယ်။ ကျည်တောက်ပေါက်ကျေးရွာ အမှတ် ၂ ရပ်ကွက်မှာလည်း အနည်းဆုံး အိမ် ၆ လုံး ပျက်စီးပြီး စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။

နွယ်ရုံနဲ့ ရှောက်ပင်ရိုးတလျှောက် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ လူအသေအပျောက်လည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဒေသခံ လူမှုရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေး နေပြီး လူဦးရေ ၁၀၀၀ လောက် အရေးပေါ်စားနပ် ရိက္ခာနဲ့ သောက်ရေများ လိုအပ်နေကြောင်း သတင်းရရှိပါတယ်။

ဓာတ်ပုံ – ဇော်ဇော်၊ မတ္တရာလူငယ်
SintKuu Flooding 18092014(1 SintKuu Flooding 18092014(2 SintKuu Flooding 18092014(3 SintKuu Flooding 18092014(4 SintKuu Flooding 18092014(5 SintKuu Flooding 18092014(6 SintKuu Flooding 18092014


Viewing all articles

Trending Articles