တောင်ကိုရီးယားနိုင်ငံ မြေပြိုမှုအတွင်း နယူးဇီလန်နိုင်ငံသား မိသားစုတစ်စုထဲက လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေဟာ ၆၅ နှစ်အရွယ် အမျိုးသမီး၊ ၃၆ နှစ်အရွယ် သမီးဖြစ်သူနဲ့ ၃ နှစ်သားအရွယ် မြေးငယ်တို့ ဖြစ်ကြတယ်လို့ ဂေယောင်းရဲတပ်ဖွဲ့က ပြောပါတယ်။
မြို့တော် ဆိုးလ်အရှေ့မြောက်ဘက် ဂေးယောင်းကျေးလက်ဒေသ မြေပြိုမှုမှာ အပန်းဖြေ နေအိမ်တွေပါ ပါသွားခဲ့ပြီး အခုလို နယူးဇီလန်နိုင်ငံသား ၃ ယောက် သေဆုံးခဲ့တာပါ။
နယူးဇီလန်နိုင်ငံသားတွေသေဆုံးတာကို သိရှိပြီး လိုအပ်တဲ့ အကူအညီတွေကို ကောင်စစ်ဝန်ရုံးက ပေးအပ်နေတယ်လို့ နယူးဇီလန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ၇ နှစ်တာ ကာလအတွင်း အရှည်ကြာဆုံး ၄၂ ရက် ဆက်တိုက် မိုးရွာခဲ့ပြီးနောက်မှာ စုစုပေါင်းလူ ၁၄ ယောက် သေဆုံးပြီး လူ ၁,၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
မိုးဆက်တိုက်ရွာတာကြောင့် ရေကြီး မြေပြိုတာလို့ အာဏာပိုင်တွေက သြဂုတ် ၄ ရက်မှာ ပြောဆိုတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
The post တောင်ကိုရီးယား မြေပြိုမှုအတွင်း နယူးဇီလန်နိုင်ငံသား ၃ ဦး သေဆုံး appeared first on DVB.