Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ငပုတောမြို့နယ်တွင် တောဆင်ရိုင်းအုပ်များဝင်ရောက် သောင်းကျန်းနေ

$
0
0

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု အတွင်းရှိဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်မြေတွေကို တောဆင်ရိုင်းအုပ်တွေဝင်ရောက်လာလို့ ကွန်ဂျီဆင်တွေနဲ့ တောတွင်းသို့ ပြန်လည်မောင်းထုတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောဆင်ရိုင်းအုပ်တွေက သြဂုတ်လ ၂ ရက်နေ့မှ စတင်ကာ ၈ ကောင်အုပ်၊ ၄ ကောင်အုပ် စသဖြင့် နေ့စဉ်ဝင်ရောက်နေတာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူ တွေနဲ့ EERU- အရေးပေါ်ကွန်ဂျီဆင်များအဖွဲ့က ကွန်ဂျီဆင် ၃ ကောင်နဲ့ လိုက်လံမောင်းထုတ်နေ ရတာလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“အခုချိန်က တောထဲမှာ ဆင်တွေကြိုက်တဲ့ မျှစ်တွေပေါက်နေချိန် အစာရေစာပါများတဲ့ အချိန်ဆိုတော့ ရွာနားကို ကပ်လာတာထူးဆန်းနေတယ်။ တောထဲမှာပျော်တဲ့ အချိန်ရောက်လာတာ ဆိုတော့ အန္တရာယ်တစ်ခုခုပေါ့ တောထဲ ဆင်သတ်မုဆိုးတွေရောက်နေရင်လည်း လူနေအိမ်တွေနား လယ်ကွင်းတွေကို ကပ်လာတတ်တယ်”လို့ ဆင်မောင်းရာမှာ ပါဝင်နေတဲ့ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ပြောပါတယ်။

လူနေအိမ်ခြေနား လယ်ကွင်းတွေနားကို ကပ်လာတဲ့ တောဆင်ရိုင်းအုပ်ထဲမှာ ရှားပါးတဲ့ စွယ်စုံဆင်ကြီးတစ်ကောင် ပါဝင်နေပြီး စွယ်စုံဆင်တွေကို ဆင်သတ်မုဆိုးတွေက ပစ်မှတ်ထား ပစ်ခတ်လေ့ရှိတဲ့အတွက် တောထဲမှာ ဆင်သတ်မုဆိုးတွေ ရှိမရှိစစ်ဆေးပြီး နယ်မြေရှင်းလင်းမယ်လို့ ဆိုပါတယ်။

ငပုတောမြို့နယ်ရှိ သစ်တောကြိုးဝိုင်းတွေအတွင်း တောဆင်ရိုင်းအုပ်တွေ လှည့်လည် ကျက်စားနေပြီး ၂၀၂၀ ပြည့်နှစ်မှာ ဆင်သတ်မုဆိုးတွေ ပစ်ခတ်သတ်ဖြတ်မှုကြောင့် တောဆင်ရိုင်း တစ်ကောင်သေဆုံးခဲ့ပြီး အဆိပ်ရှိသတ္တဝါ အကိုက်ခံရလို့ တောဆင်ရိုင်းတစ်ကောင် သေဆုံးခဲ့တာရှိတယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း – မင်းထက်မုန်း (ပုသိမ်)

The post ငပုတောမြို့နယ်တွင် တောဆင်ရိုင်းအုပ်များဝင်ရောက် သောင်းကျန်းနေ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း