Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မြို့ ၃ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်

$
0
0

ဒီနေ့မနက် ၁၀ နာရီခွဲ တိုင်းထွာချက်အရ မြို့ ၃ မြို့ရဲ့ မြစ်ရေဟာ နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ပြန်လည် ကျဆင်းနိုင်ပြီး မြို့ ၂ မြို့ရဲ့ မြစ်ရေကတော့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။၊

ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။ 

  ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။

ဧရာဝတီမြစ်ရေသည် ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော် လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။

ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော် လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ငါးသိုင်းချောင်းမြို့ နဲ့ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အသိပေးနှိုးဆော်ထားပါတယ်။

The post မြို့ ၃ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles