Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

Varroa Jacobsoni ကပ်ပါးမွှားတွေ့သဖြင့် မကွေးတိုင်း ပျားမွေးမြူရေး လုပ်ကိုင်သူများ စိုးရိမ်

$
0
0

မကွေးတိုင်းဒေသကြီးအတွင်းမှာ Varroa Jacobsoni အမျိုးအစား ကပ်ပါးမွှားတွေတွေ့ရှိလို့ ပျားမွေးမြူ ရေးလုပ်ကိုင်နေသူတွေ စိုးရိမ်နေကြတယ်လို့ တိုင်းဒေသကြီး ပျားလုပ်ငန်းဦးစီးဌာနက နေသိရပါတယ်။

မန္တလေးဘက်ကနေ မကွေးတိုင်းဘက်ကို ပြောင်းရွှေလုပ်ကိုင်တဲ့ ပျားမွေးမြူရေးစခန်းတစ်ချို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က Varroa Jacobsoni အမျိုးအစား ကပ်ပါးမွှားတွေ တွေ့ရှိခဲ့တာလို့ မကွေးတိုင်း ပျားလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီကပ်ပါးမွှားဟာ ဝတ်ရည်စုပ်တဲ့အခါ ရောဂါရှိတဲ့ပျားနဲ့ မရှိတဲ့ပျား ကူးစက်မှုနှုန်း မြန်ဆန်ကာ အကောင်ကြီးပြီး အသက်ပြင်းတဲ့ ပိုးဖြစ်လို့ ဌာနအနေနဲ့လည်း ကွင်းဆင်းစစ်ဆေးပြီး ကြိုတင်ကာကွယ်တာတွေ ဆက်တိုက်လုပ်ဆောင်ပေးနေတယ်။”

အဲဒီကပ်ပါး ပိုးဟာ ၂၀၀၀ ခုနှစ်ဝန်ကျင်းက ကျရောက်ခဲ့ဖူးပြီး ပျားတွေရဲ့ အင်အားပျက်စီးကာ ပျားရည်ထုတ်လုပ်မှုကို လျော့ကျစေတယ်လို့ ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးကျော်တင်မြင့်ကပြောပါတယ်။

ဒါ့အပြင် အဲဒီပိုးကျလို့ရှိရင် ပျားသားလောင်းပုပ်တဲ့ ရောဂါတွေဝင်လာပြီး ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်လို့ ပျားမွေးမြူတဲ့ သူတွေ စိုးရိမ်နေကြတာလို့ ဆိုပါတယ်။

မကွေးတိုင်းမှာ ပုဂ္ဂလိက ပျားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၇၅ ဦးရှိပြီး ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ ကိုရီးယား၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကို အဓိက တင်ပို့ ရောင်းချတာလို့ တိုင်းဒေသကြီး ပျားလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။

မင်းထီး

The post Varroa Jacobsoni ကပ်ပါးမွှားတွေ့သဖြင့် မကွေးတိုင်း ပျားမွေးမြူရေး လုပ်ကိုင်သူများ စိုးရိမ် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles