Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အိန္ဒိယတွင် မိုးကြီးမြေပြိုမှုကြောင့် ၁၈ ဦးသေဆုံး၊ ပျောက်ဆုံး ၄၈ ဦးကို ရှာဖွေနေ

$
0
0

အိန္ဒိယတောင်ပိုင်း ကယ်ရာလာပြည်နယ်မှာ မိုးကြီးမြေပြိုတာကြောင့်  သေဆုံးသူ အရေအတွက်ဟာ သြဂုတ် ၈ ရက်က ၁၈ ယောက်အထိ မြင့်တက်လာပြီး ကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေသူ ၄၈ ယောက်ကို ဆက်ရှာဖွေနေပါတယ်။  

ပျောက်ဆုံးသူတွေဟာ မြေကြီးနဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။ 

အီဒွတ်ကီခရိုင်မှာ မနက်အစောပိုင်း အလုပ်သမားတွေ အိပ်ပျော်နေချိန်မှာ မြေပြိုမှု ဖြစ်ခဲ့တာပါ။ 

သြဂုတ် ၆ ရက်က အီဒွတ်ကီခရိုင်မှာ မိုးရေချိန်  ၈ လက်မနီးပါး ရွာခဲ့တယ်လို့ နိုင်ငံပိုင် မိုးလေဝသဌာနက စုစည်းတင်ပြခဲ့ပါတယ်။  

၂၀၁၈ ခုနှစ်တုန်းကလည်း ကယ်ရာလာပြည်နယ်မှာ  ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ရေကြီးခဲ့ပြီး လူရာချီ သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူ အများစုဟာ အီဒွတ်ကီခရိုင်က ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

The post အိန္ဒိယတွင် မိုးကြီးမြေပြိုမှုကြောင့် ၁၈ ဦးသေဆုံး၊ ပျောက်ဆုံး ၄၈ ဦးကို ရှာဖွေနေ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles