Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဧရာဝတီတိုင်း၌ ၄ လအတွင်း လူ ၁၃ဝဝ ကျော်လေဘေးသင့်၊ ကမ်းပြိုမှုကြောင့် အိမ် ၉၇ လုံး ရွှေ့ပြောင်း

$
0
0

ဧရာဝတိုင်းအတွင်း ပြီးခဲ့တဲ့ ဧပြီကနေ ဇူလိုင်လအထိ လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၁၃၈၆ ဦးလေဘေးသင့်ခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၉၇ လုံး ပြောင်းရွှေ့ခဲ့ရတယ်လို့ တိုင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။

ဇူလိုင်လအတွင်း လေပြင်းတိုက်ခတ်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံးဝပြိုကျပျက်စီးခဲ့တဲ့ လူနေအိမ် ၄ လုံးနဲ့ တစိတ်တပိုင်းပြိုကျပျက်စီးခဲ့တဲ့ လူနေအိမ် ၁ လုံးရှိခဲ့တာကြောင့် လူဦးရေ ၁၇ ဦး လေဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းစိုးက ဒီဗွီဘီကိုပြောပါတယ်။

“တိုင်းအတွင်းက မြို့နယ်တွေမှာ ဇူလိုင်လအတွင်း လေပြင်း ၅ ကြိမ် တိုက်ခတ်မှု ဖြစ်ပေါ်ခဲ့တယ်။ လေဘေးသင့်ခဲ့တဲ့ နေအိမ်တွေကို ဦးစီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ထောက်ပံ့တာတွေ ပြုလုပ်ပေးထားပါတယ်။ လေဘေးသင့်တဲ့ လူဦးရေအလိုက် ဆန်နဲ့ အခြားရိက္ခာတွေ ထောက်ပံ့ပေးတာတွေလည်းရှိတယ်။” 

ဇူလိုင်လအထိ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေက လေဘေးသင့် မိသားစုဝင် ၁၃၈၉ ဦးကို အိမ်ဆောက်ပစ္စည်းအပါအဝင် ၁ ပတ်စာ စားနပ်ရိက္ခာထောက်ပံ့ငွေ စုစုပေါင်း ၂၀၉ သိန်းကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ဇူလိုင်လအတွင်း ကမ်းပါပြိုကျခဲ့မှု ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြိုကျတဲ့မြစ်ကမ်းပါးနဲ့ နီးတဲ့ ရွှေ့ပြောင်းခဲ့ရတဲ့ ၁၉၇ အိမ်ကို အိမ်ဆောက်ပစ္စည်းနဲ့ ၁ အိမ်ကို ၁ သိန်းနှုန်း စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဦးသန်းစိုးက ပြောပါတယ်။

မြစ်ကမ်းပါးပြိုကျလို့ ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ်တွေအတွက် ၁ အိမ်ထောင်ကို ၁ သိန်းထောက်ပံ့ပေးသလို ဆန်ရိက္ခာ ၁ ပတ်စာ ထောက်ပံ့ပေးပြီး စုစုပေါင်း ၁၇၃ သိန်းကျော်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဧရာဝတီတိုင်းအတွင်း မြစ်ကမ်းပါးပြိုကျမှုတွေမှာတော့ ဟင်္သာတခရိုင်အတွင်းက ကြံခင်းနဲ့ ဇလွန်မြို့၊ မအူပင်ခရိုင်က ညောင်တုန်းနဲ့ ပန်းတနော်မှာ အဖြစ်များတယ်လို့ သိရပါတယ်။

The post ဧရာဝတီတိုင်း၌ ၄ လအတွင်း လူ ၁၃ဝဝ ကျော်လေဘေးသင့်၊ ကမ်းပြိုမှုကြောင့် အိမ် ၉၇ လုံး ရွှေ့ပြောင်း appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles