Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မောရစ်သျှကျွန်းအနီး လောင်စာဆီယိုဖိတ်မှု သဘာဝဂေဟအန္တရာယ် ဖြစ်ပေါ်စေနိုင်

$
0
0

မောရစ်သျှကျွန်းအနီးမှာ ဂျပန်သင်္ဘောတစ်စီးပေါ်ကနေ  ပင်လယ်ထဲ လောင်စာဆီတွေ ယိုဖိတ်နေမှုဟာ သဘာ၀ဂေဟဆိုင်ရာ အန္တရာယ်ကြီးကို ဖြစ်ပေါ်စေတယ်လို့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်ကစပြီး နာဂါရှီကီ သင်္ဘောကုမ္ပဏီက ပိုင်ဆိုင်တဲ့ အမ်ဗွီဝါကာရှီအိုအမည်ရှိ ဂျပန်သင်္ဘောရဲ့   လောင်စာဆီယိုဖိတ်မှုဟာ မောရှစ်သျှရဲ့ ရင်သပ်ရှုမောဖွယ် သန္တာကျောက်တန်းနဲ့ ငါးမျိုးစိတ် မြောက်မြားစွာရှိရာ Blue Bay Marine Park အနီးမှာ ဖြစ်နေတာပါ။ 

လောင်စာဆီယိုဖိတ်မှုကြောင့် ကျွန်းဝန်းကျင်က ငါးတွေနဲ့ တခြားရေနေသက်ရှိတွေကို အန္တရာယ်ဖြစ်စေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ခန့်မှန်း ရေနံတန်ချိန် ၁,၀၀၀ ထက်မနည်း ယိုဖိတ်ခဲ့ပြီး တန် ၅၀၀ ကို ဆယ်ယူနိုင်ကာ ရေနံတန်ချိန် ၂,၅၀၀ ကျန်ရှိနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

အိန္ဒိယသမုဒ္ဒရာအတွင်းက မောရှစ်သျှကျွန်းနိုင်ငံဟာ နိုင်ငံစီးပွားရေးကို အဓိက အထောက်အကူပြုတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် အမှီပြုနေရပြီး မနှစ်တုန်းက  ခရီးသွားလုပ်ငန်းကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ရရှိပါတယ်။

The post မောရစ်သျှကျွန်းအနီး လောင်စာဆီယိုဖိတ်မှု သဘာဝဂေဟအန္တရာယ် ဖြစ်ပေါ်စေနိုင် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles