တရုတ်နိုင်ငံ စီချွမ်ပြည်နယ်က နှစ်ပေါင်း ၁,၃၀၀ သက်တမ်းရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ ရေကြီးမှုကြောင့် အန္တရာယ် ကျရောက်နေတယ်လို့ နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြပါတယ်။
လီရှန်မြို့က အမြင့်ပေ ၂၄၀ နီးပါးရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ခြေချောင်းတွေအထိ ရေမြုပ်နေပြီး ဒါဟာ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ရှင်ဟွာသတင်းဌာနက ဆိုပါတယ်။
သြဂုတ် ၁၈ ရက်က စီချွမ်ပြည်နယ်မှာ ရေကြီးမှုအရေးပေါ်သတိပေးချက်အမြင့်ဆုံး ထုတ်ပြန်ခဲ့ပြီး ဒေသခံ ၁၃၀,၀၀၀ နီးပါး ဘေးလွတ်ရာ ပြောင်းခဲ့ကာ ရွာအားလုံး ရေမြုပ်ခဲ့ပါတယ်။
ဒီနှစ်မိုးရာသီအတွင်း တရုတ်နိုင်ငံတောင်ပိုင်းမှာ မိုးကြီးနေပါတယ်။ ဇူလိုင်လမှာ လူပေါင်း ၅၄ သန်းကျော် ရေကြီးမှုဒဏ် တွေ့ကြုံခံစားရတယ်လို့ တရုတ် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
The post စီချွမ်ပြည်နယ်က နှစ်ပေါင်း ၁,၃၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး ရေဘေးအန္တရာယ်ရှိနေ appeared first on DVB.