Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဖားကန့်တွင် မြေစာပြိုကျသဖြင့် တဲ ၂ လုံးနှင့်ဆိုင်ကယ် ၂ စီးဆုံးရှုံး၊ လူ ၁ ဦး ပျောက်ဆုံးနေ

$
0
0

ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု မမုံကျေးရွာ တာဝါတိုင်အနီး YTT တောင်ကုန်းမှာ ဩဂုတ်လ ၁၉ ရက်နေ့ ည ၁၀ နာရီလောက်က ပေ ၂၀၀ အမြင့်ရှိ ကျောက်ကြောကမ်းပါးယံပြိုကျရာ တဲ ၂ လုံး၊ ဆိုင်ကယ် ၂ စီး ဆုံးရှုံးခဲ့ပြီး ရွှေကျောက်မျှောတိုက်သူ ၁ ဦး ပျောက်ဆုံးနေတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က အတည်ပြ‌ေပြောကြားပါတယ်။

မမုံကျေးရွာတာဝန်ခံ ဦးစိုင်အောင်သန်းက “ကျောက်ကြောပြိုကျတဲ့ အတွက် အောက်ထဲရှိ ရေအိုင်ထဲသို့ ပြုတ်ကျမျှောပါသွားပြီး ရေလှိုင်းဖြင့် မမုံအကျိုးတူ သိမ့်ဝင်းထက် ကျင်းဟောင်း နံရံအတွင်းသို့ ဆက်လက်မျောပါ ပျောက်ဆုံးသွားကြောင်း သိရပြီး အလောင်းရှာဖွေနေဆဲ ဖြစ်ပါတယ်။ လေးယောက်အတူ ညဆိုင်းဆင်းကြရင်း သူက နောက်ကျနေတယ်။ သူ့ကို လှမ်းခေါ်ကြတော့ ကမ်းပါးယံက ပြိုကျသွားပြီ။ သူလည်း ပြိုတဲ့အထဲ ပါသွားတယ်” လို့ ပြောပါတယ်။

သေဆုံးသူမှာ မမုံကျေးရွာမှာ လက်ရှိနေထိုင်ခဲ့သူဖြစ်ပြီး မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ဇာတိ အသက် ၅၀ အရွယ် ဦးခင်ဇော်  ဆိုသူ ဖြစ်ပါတယ်။ ပျောက်ဆုံးသွားသူနဲ့ပတ်သက်လို့ ဆက်လက်စုံစမ်းနေတယ်လို့ မမုံကျေးရွာတာဝန်ခံက ပြောကြားပါတယ်။

ပြိုကျသွားတဲ့ ကမ်းပါးယံနေရာကို ဒေသအခေါ်အရ ဗိုလ်တစ်ထောင်ကုန်း ဖြစ်ပေမဲ့ YTT တောင်ကုန်းလို့ လူသိများပြီး ဧရာရတနာကုမ္ပဏီ၊ အဲဗားဝင်းနားကုမ္ပဏီ၊ မြန်မာသူရကုမ္ပဏီတို့ရဲ့ လုပ်ကွက်နေရာနေရာဟောင်းဖြစ်ပြီး သက်တမ်းကုန်လုပ်ကွက်နေရာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၈ ခုတုန်းကလည်း အခုလို ကမ်းပါးယံပြိုကျတာကြောင့် လူ ၅၀) ထက်မနည်း ရေလှိုင်းရိုက်ပုတ်ပြီး သေဆုံးခဲ့ဖူးတယ်လို့ မမုံကျေးရွာတာဝန်ခံက ပြောကြားပါတယ်။

စစ်ကိုနိုင်ထွန်း

The post ဖားကန့်တွင် မြေစာပြိုကျသဖြင့် တဲ ၂ လုံးနှင့်ဆိုင်ကယ် ၂ စီးဆုံးရှုံး၊ လူ ၁ ဦး ပျောက်ဆုံးနေ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles