အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ သြဂုတ် ၂၀ ရက်က မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးနေပြီး ယာဉ်အသွားအလာနဲ့ အလုပ်သွားသူတွေ အခက်တွေ့ခဲ့ပါတယ်။
ဒေလီမြို့ရဲ့ တချို့နေရာတွေမှာတော့ ဆိုးဆိုးရွားရွား ရေကြီးနေပြီး အိမ်စီးကားနဲ့ ခရီးသည်တင်ယာဉ်တွေ မြုပ်မတတ် ဖြစ်နေတာပါ။
နယူးဒေလီ ဒေသခံတဦးကလည်း ဒီလမ်းမကြီးဟာ အဝေးပြေးလမ်းမကြီးနဲ့ ဆက်ထားတယ်ဆိုပေမယ့် မိုးရွာတိုင်း ရေကြီးပြဿနာ ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။
တည်ဆောက်ရေး လုပ်ငန်းများတာနဲ့ အမှိုက်ပိတ်ဆို့ မြောင်းတွေ ရှိတာနဲ့အတူ ဆင်ခြေဖုံးဒေသ အများစုဟာ နှစ်စဉ် နှစ်တိုင်း မိုးရာသီမှာ ရေကြီးမှုဒဏ်ကို ပိုမိုကြုံတွေ့ နေရတယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
The post မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နယူးဒေလီတွင် ရေကြီး appeared first on DVB.