Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မြန်အောင်မြို့နယ်က ကမ်းပြိုနေရာကို ဧရာဝတီတိုင်းဝန်ကြီးချုပ် စစ်ဆေး

$
0
0

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ထဲမှာ ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ကမ်းပြို သွားတဲ့ နေရာကို တိုင်းဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

သဘာဝဘေးအရေးပေါ်ရန်ပုံငွေ၊ ပြည်သူ့လွှတ်တော်ရန်ပုံငွေနဲ့ ဒေသခံတွေ စုပေါင်းပါဝင်ပြီး ကြိုတင်ကာကွယ်နေတဲ့ လုပ်ငန်းတွေကို ဩဂုတ် ၂၂ ရက်က ဝန်ကြီးချုပ် ဦးလှမိုးအောင် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။  

သြဂုတ် ၂၂ ရက်မှာ မြန်အောင်မြို့နယ် ကနောင်မြို့မှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဘာဝဘေးအရေးပေါ်ရံပုံငွေ ကျပ်ငွေ ၃ ဒသမ၀၈ သန်း လုပ်ဆောင်နေတဲ့ လုပ်ငန်းခွင်ကို  လာရောက်ကြည့်ရှုခဲ့တာပါ။ 

မြန်အောင်မြို့ အပါအဝင် ကနောင်၊ ငပိဆိတ်၊ ရွှေကျင်နဲ့ သပြေကုန်းကျေးရွာတွေမှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ကမ်းပြိုတဲ့နေရာတွေက နေအိမ်တွေလည်း ပြောင်းရွှေ့နေကြရ ပါတယ်။ 

သြဂုတ် ၂၃ ရက် မနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ကြံခင်းမြို့မှာ ၆၇ ဒသမ ၃၀ ပေနဲ့ မြန်အောင်မြို့မှာ ၆၃ ဒသမ ၆၀ ပေ ရှိတယ်လို့  ဆည်မြောင်းဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ 

ကိုကိုကြည်

The post မြန်အောင်မြို့နယ်က ကမ်းပြိုနေရာကို ဧရာဝတီတိုင်းဝန်ကြီးချုပ် စစ်ဆေး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles