Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မြန်အောင်မြို့နယ်၌ ဧရာဝတီမြစ်ရေကြီးပြီး ကျေးရွာအချို့ ရေလွှမ်းမိုးနေ 

$
0
0

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ထဲက ကျေးရွာတချို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် ကျေးရွာ ၅ ရွာ လောက်ရှိ လူနေအိမ်တွေ ရေနစ်မြုပ်နေပါတယ်။  

အခုလို ရေလွှမ်းမိုးခံနေရတဲ့ ကျေးရွာတွေကတော့ မြန်အောင်မြို့နယ်ထဲက ဧက ၁၀၀ ကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ မြို့မကျွန်းကျေးရွာ၊ ပဲခူးတိုင်း မိုးညိုမြို့နယ်ထဲက ကုန်းကြီးကျေးရွာနဲ့ ဟင်္သာချောင်ကျေးရွာ တွေ ဖြစ်ကြပြီး  လူနေအိမ် ၄၀၀ လောက်နဲ့ ရွာက  စာသင်ကျောင်းတွေ ရေလွှမ်းမိုးခံနေရတာဖြစ်တယ်လို့  မြန်အောင်မြို့နယ် အောင်မင်္ဂလာကျေးရွာ၊  ရာအိမ်မှူး ဦးမြင့်လွင်က ပြောပါတယ်။

မြန်အောင်မြို့နယ်ထဲမှာ ဧရာဝတီမြစ်ရေ မြင့်တက်လာကြောင့် မြန်အောင်မြို့၊ ရွေကျင်တိုက်နယ်ထဲက လူနေအိမ် ၂၇ လုံးနဲ့ ဘုရားသိမ် တလုံးကို ရေလွတ်ရာကို ပြောင်းရွေ့ပေးခဲ့ရတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

လက်ရှိမှာတော့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေသလို မွေ အန္တရာယ်လည်း  စိုးရိမ်နေရတယ်လို့ ဒေသခံ  မြို့မကျွန်းကျေးရွာသား ကိုဇော်ကြီးက ပြောပါတယ်။

သြဂတ် ၃၁ ရက်နေ့ ၆ နာရီ အချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မြန်အောင်မြို့မှာ ၆၇ ဒသမ ၅၅ ပေအထိ ရောက်ရှိနေပြီး မြို့ရဲ့စိုးရိမ်ရေမှတ်ထက်  ဒသမ ၅၅ ပေပိုနေပါတယ်။ 

သတင်း- ကိုကိုကြည်

The post မြန်အောင်မြို့နယ်၌ ဧရာဝတီမြစ်ရေကြီးပြီး ကျေးရွာအချို့ ရေလွှမ်းမိုးနေ  appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


မြတ်ဗုဒ္ဓ သာသနာ၏ အနှစ်သုံးပါး ( သီလ )


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အီကြာအော် - ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာ သမဒဂျီးလဲပွဲ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


TTA Oreo Gapp Installer


သမ္မတ ဖြစ်ချင်တဲ့ နောက်တစ်ဦး က ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


☮ နယူးယောက်မြို့စာပေဟောပြောပွဲဖိတ်ကြားလွှာ ☮ စက်တင်လာ ၁၂ စနေနေ့


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်