Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တိုင်ဖုန်းမုန်တိုင်း Haishen နှင့်ပတ်သက်၍ ဂျပန်ရောက်မြန်မာများကို သံရုံးအသိပေး 

$
0
0

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို  အင်းအားပြင်းတိုင်ဖုန်းမုန်တိုင်း Haishen နဲ့ပတ်သက်ပြီး သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ဖို့  တိုကျိုအခြေစိုက်  မြန်မာသံရုံးက  စက်တင်ဘာလ ၄ ရက်နေ့မှာ  အသိပေး ထုတ်ပြန်လိုက်ပါတယ်။

ဂျပန်နိုင်ငံ၊ မိုးလေဝသအေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ အင်အားကြီးမားတဲ့ တိုင်ဖုန်း မုန်တိုင်း Haishen ဟာ တစ်ဖြည်းဖြည်း အင်အားကြီးမားလာပြီး ဂျပန်နိုင်ငံ၊ အနောက်တောင် ဘက်ပိုင်းရှိ ကျူရှူးကျွန်းမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့  စက်တင်ဘာ ၆ ရက် (တနင်္ဂနွေနေ့) နဲ့ ၇ ရက်နေ့ (တနင်္လာနေ့)တွေမှာ ဖြတ်သန်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါ တိုင်ဖုန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံ၊ တောင်ဘက်ပိုင်းကို ဒီကနေ့ ချဉ်းကပ်လာနေပြီး၊ ဗဟိုချက်မှာ လေတိုက်နှုန်း တစ်နာရီလျင်  ၂၁၆ ကီလိုမီတာအထိ ရှိလာနိုင်မယ်လို့  ခန့်မှန်း ထားပါတယ်။

ဒါ့ကြောင့် အိုကီနာဝါကျွန်း၊ အာမားမိကျွန်း၊ ကျူရှူးကျွန်းနဲ့ ဂျပန်နိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လိုအပ်တဲ့ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး အစီအမံတွေ ဆောင်ရွက်ထားကြဖို့နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို အလေးထား လိုက်နာဆောင်ရွက်ကြဖို့ အသိပေး နှိုးဆော်ထားပါတယ်။

အရေးပေါ်အခက်အခဲတွေနဲ့ ကြုံတွေ့ရပါက မြန်မာသံရုံးရဲ့ အရေးပေါ် ၂၄ နာရီ ဖုန်းအမှတ်၊ ၀၇၀-၄၄၁၃ ၇၃၈၃ ကို ဆက်သွယ်သတင်းပို့ကြဖို့  အသိပေးထားပါတယ်။

The post တိုင်ဖုန်းမုန်တိုင်း Haishen နှင့်ပတ်သက်၍ ဂျပန်ရောက်မြန်မာများကို သံရုံးအသိပေး  appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဘုရင့်နောင်မှ အုန်းပေါင်၊မိုးကောင်း၊မိုးနဲ ပြည်များကို သိမ်းပြီးနောက်...


TTA Oreo Gapp Installer


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”