Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တိုက်ဖုန်းဟိုင်ရှန်သတိပေးချက် ဂျပန်အစိုးရထုတ်ပြန်

$
0
0

ဂျပန်ကျွန်းမကြီးတောင်ပိုင်းကို တိုက်ဖုန်းဟိုင်ရှန် ဝင်ရောက်တိုက်ခတ်ဖို့ နီးကပ်လာလို့ လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက စက်တင်ဘာ ၆ ရက်မှာ အကြံပြုထား ပါတယ်။

မုန်တိုင်းဒီရေ အကြီးအကျယ် တက်ဖို့ရှိသလို လှိုင်းကြီးလေပြင်းပြီး စံချိန်တင်မိုးရွာ နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

 နိုင်ငံတောင်ပိုင်းက အိုခိနာဝါ၊ ခါ့ဂိုးရှိမ၊ ခုမါ့မိုတိုနဲ့နာဂါဆာကီခရိုင်တွေက အိမ်ထောင်စု ၁ သိန်းကျော်ကို ဘေးလွတ်ရာစောစော ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားတယ်လို့ မီးသတ်နဲ့ကပ်ဘေးစီမံရေးဌာနက ပြောပါတယ်။

 တိုက်ဖုန်းမုန်တိုင်းဟာ စက်တင်ဘာ ၇ ရက်မှာ ၁ နာရီ လေတိုက်နှုန်း ၁၅၇ မိုင်နဲ့ တိုက်ခတ် နိုင်တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ 

တိုက်ဖုန်းမုန်တိုင်း ဟိုင်ရှန် နီးကပ်လာနေလို့ အာမာမိဒေသကမ်းရိုးတန်းမှာ စတိုးဆိုင်တွေ ပိတ်ထားရပြီး လေပြင်းတိုက် လှိုင်းကြီး နေပုံကို ဒေသခံရုပ်သံက ထုတ်လွှင့်ပြသပါတယ်။

 အာမာမိအိုရှိမကျွန်းပေါ်မှာ အိမ်ခြေ ၈၀၀၀ နဲ့ အိုခိနာ့ဝါ့ကျွန်းပေါ်က အိမ်ခြေ ၃၀၀၀ လောက် မုန်တိုင်းကြောင့် လျှပ်စစ်မီးမရှိဘဲ နေရတယ်လို့ NHK ရုပ်သံက ကြေညာပါတယ်။

 တိုက်ဖုန်းမေဆက်က စက်တင်ဘာ ၃ ရက်မှာ ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက် တိုက်ခတ်ခဲ့လို့ လူ ၂ ယောက်ထက် မနည်းသေဆုံးပြီး ရက်ပိုင်းအတွင်း တိုက်ဖုန်းဟိုင်ရှန်က ထပ် တိုက်ခတ်တာလည်း ဖြစ်ပါတယ်။  

The post တိုက်ဖုန်းဟိုင်ရှန်သတိပေးချက် ဂျပန်အစိုးရထုတ်ပြန် appeared first on DVB.


Viewing all articles
Browse latest Browse all 3533