Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မိုးကုတ်မြို့တွင် မိုးများ ရေကြီးမြေပြိုပြီး လူ ၄ ဦးသေဆုံး

$
0
0

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စက်တင်ဘာ ၁၆ ရက် မနက်က မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြေပြိုကျပြီး  လူ ၄ ဦးသေဆုံးခဲ့တယ်လို့ မြို့နယ် အရန်မီးသတ်တပ်ရင်းမှူး ဦးကျော်ခိုင်က ပြောပါတယ်။ 

မိုးကုတ်မြို့ ရွှေတိုင်ရပ်ကွက်မှာ မြေပြိုတာကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ကိုးလံရွာမှာ မြေစာပုံပြိုကျပြီး မိသားစုတစ်စုမှ လူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

မိုးကုတ်ကအိမ်တွေဟာ တောင်စောင်းမှာ ဆောက်ကြတာမို့ တောင်တွန်းတဲ့အခါမှာ မြေပြိုရတာလို့ သိရပါတယ်။

မိုးကုတ်မြို့မှာ စက်တင်ဘာ ၁၅ ရက် ည ၁ နာရီလောက်က မိုးရွာသွန်းခဲ့တာဖြစ်ပြီး မနက် ၇ နာရီလောက်မှာ အိမ်တွေထဲရေဝင်ကာ ကတ္တရာလမ်းတွေပေါ်မှာ ရေကြီးခဲ့ပါတယ်။ မိုးကုတ်မြို့မှာ ရေကြီးပေမယ့် အခုလို အိမ်တွေထဲရေမဝင်တာ ငါးနှစ်နီးပါးရှိပြီလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

တောင်တွန်းမှုတွေကြောင့် သစ်ပင်လဲတာ ကားလမ်းပိတ်တာတွေရှိပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့က အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ဒီနေ့ နေ့လယ်ပိုင်းမှာ ရေပြန်ကျနေပြီး မြေပြိုမှုအတွင်း သေဆုံးသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကူညီနေဆဲ ဖြစ်ပါတယ်။

သတင်း- ဟန်နာထက်အောင်

The post မိုးကုတ်မြို့တွင် မိုးများ ရေကြီးမြေပြိုပြီး လူ ၄ ဦးသေဆုံး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles