ထိုင်းနိုင်ငံ နာခွန်ပတ်ထုံခရိုင်မှာ ဘဲကောင်ရေ တစ်သောင်းနဲ့ စပါးခင်းသန့်ရှင်းရေးလုပ်ပုံကို ဒရုန်းယာဉ်ပေါ်ကနေ ရိုက်ကူးခဲ့ပါတယ်။
ခြံထဲကနေ လွှတ်လိုက်တဲ့ ဘဲကောင်ရေ တစ်သောင်းဟာ ရေလွှမ်းစပါးခင်းတွေဆီ ဦးတည်ပြီး စပါးရိုးတံတွေမှာ ပုန်းခိုနေတဲ့ ခရုလို ပိုးကောင်တွေကို ဝါးမျိုကြပါတယ်။
ဘဲတွေဟာ လူတွေရဲ့ ထိန်းကျောင်းမှု မလိုဘဲ အာဟာရဓာတ်ကြွယ်ဝစရာ စပါးခင်းတွေဆီ သူတို့ အလိုလို သွားရောက်ကြတာပါ။
အဲဒီဒေသက စိုက်ပျိုးစပါးခင်းတွေမှာ ဘဲမွေးတာက အစဉ်အလာဖြစ်ပြီး ထိုင်းလူမျိုးတွေက အဲဒါကို “စပါးခင်း ဘဲ” ဆိုပြီး ခေါ်ဆိုကြပါတယ်။
ဗြိတိန်မျိုး ကာကီကမ့်ဘဲ ဘဲတွေကို ရက် ၂၀ ခန့် မွေးမြုပြီးနောက် စပါးခင်းတွေထဲ လပိုင်း လောက် မွေးမြူပါတယ်။
သူတို့ဟာ ၅ လလောက် လျှောက်သွားပြီးနောက်မှာ ဘဲခြံကို ပြန်လာခဲ့ပြီးတော့ ၃ နှစ်အထိ ဥတွေ ဥပါတယ်။
ဘဲမွေးသူ တဦးဖြစ်တဲ့ အပီဝပ်ကလည်း ဘဲတွေကို ဒီလို စပါးခင်းတွေထဲ လွှတ်တာကြောင့် ဘဲကို ကျွေးမွေးရတဲ့ စရိတ်စက သက်သာသလို လယ်သမားအဖို့လည်း ပိုးသတ်ဆေးနဲ့ ဓာတု ပစ္စည်းတွေကို သိပ်သုံးစရာ မလိုတော့ဘူးလို့ ရှင်းပြပါတယ်။
၁၅ ဧက ရှိတဲ့ လယ်တောတခုကို စပါးခင်းသန့်ရှင်းရေးလုပ်ရင် သီတင်းတစ်ပတ်ခန့် ကြာမြင့်တတ်ပြီး အဲဒီကာလအတွင်း ဘဲတွေဟာ ခရုတွေ ၊ပေါင်းမြက်တွနဲ့ တခြားငယ်ရွယ်တဲ့ ပိုးကောင်လို စားစရာ တနင့်တပိုး ရတတ်တယ်လို့လည်း ဘဲမွေးသူ အပီဝပ်က ဆိုပါတယ်။
အပီဝပ်ရဲ့ ဘဲအုပ် ၄ အုပ်ဟာ နာခွန်ပတ်ထုံခရိုင်က စပါးခင်းတွေမှာ ဥဒဟို လျှောက်သွားနေ ကြပြီး အဲဒီခရိုင်မှာ လယ်သမားတွေက နှစ်စဉ်နှစ်တိုင်း စပါး ၃ သီး စိုက်ပျိုးတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
The post ဘဲကောင်ရေ ၁ သောင်းဖြင့် စပါးခင်းကပိုးကောင်များ သန့်ရှင်း (ရုပ်သံ) appeared first on DVB.