Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အပူပိုင်းမုန်တိုင်း နိုလ်ကြောင့် ဗီယက်နမ်တွင် ၁ ဦးသေဆုံး၊ နေအိမ်ရာချီ ပျက်စီး

$
0
0

အပူပိုင်းမုန်တိုင်း  နိုလ်ဟာ  စက်တင်ဘာ  ၁၈ ရက်က ဗီယက်နမ်နိုင်ငံကို  ဝင်ရောက်ခဲ့ပြီး လူ တစ်ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

မုန်တိုင်းကြောင့် နိုင်ငံအလယ်ပိုင်း မိုးကြီးခဲ့ပြီးနောက်ပိုင်းမှာတော့ မုန်တိုင်း အားပျော့သွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

အပူပိုင်းမုန်တိုင်း နိုလ်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ ဒါနန်းမြို့ကို  ဝင်ရောက်ခဲ့ပြီးနောက် မြောက်ပိုင်း တူဝါထင်လျှိုးပြည်နယ်ဘက် လမ်းကြောင်း ပြောင်းသွားခဲ့ပါတယ်။

 အဲဒီနောက် မွန်းလွဲပိုင်းမှာ လာအိုနိုင်ငံကို ဆက်ဝင်ရောက်ခဲ့တယ်လို့ ဗီယက်နမ်အသံ နိုင်ငံပိုင်သတင်းဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။ 

မုန်တိုင်းနိုလ်ရဲ့အရှိန်ကြောင့် သစ်ပင်အများအပြား ပြိုလဲခဲ့ပြီး နေအိမ်ပေါင်းရာချီ ပျက်စီးခဲ့တယ်လို့  နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။ 

အစောပိုင်းက ဗီယက်နမ်အစိုးရဟာ လူပေါင်း ၅ သိန်းကို  ဘေးလွတ်ရာ ပြောင်းဖို့ စီစဉ်ခဲ့ပေမဲ့  စက်တင်ဘာ ၁၈ ရက်မှာတော့ မုန်တိုင်းဟာ လေဖိအားနည်းရပ်ဝန်းအဆင့်ကို နိမ့်သွားခဲ့ ပါတယ်။ 

ဒါပေမဲ့လည်း ဗီယက်နမ်နိုင်ငံအလယ်ပိုင်း နေရာတချို့မှာ  မိုးရေချိန် ၂၅၀ မီလီမီတာအထိ ရွာနိုင်ပြီး  ရေကြီး၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးလေဝသအေဂျင်စီက သတိပေးထားပါတယ်။ 

The post အပူပိုင်းမုန်တိုင်း နိုလ်ကြောင့် ဗီယက်နမ်တွင် ၁ ဦးသေဆုံး၊ နေအိမ်ရာချီ ပျက်စီး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles