Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကော့သောင်းမြို့တွင် ပင်လယ်ရေလှိုင်းကြောင့် လူနေအိမ် ၂၀ ခန့် ပြိုကျပျက်စီး

$
0
0

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ မိုးအဆက်မ​ပြတ်ရွာသွန်းပြီး ပင်လယ်ရေ လှိုင်းပုတ်ခြင်းကြောင့် လူနေအိမ် ၂၀ လောက် ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကော့သောင်းမြို့နယ်၊ သီရိမြိုင်ရပ်ကွက် မြို့ဦးစေတီရင်ပြင်အောက်ဘက် ကြေမွပျက်စီးခဲ့ပြီး ရွာသာယာကျေးရွာမှာ လူနေအိမ် ၂၀ လောက် ပြိုကျပျက်စီးကာ ရွာဆိပ်ခံတံတားမှာလည်း အခင်းသစ်သားတွေ ကျိုးပဲ့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရွာသာယာကျေးရွာမှ ဒေါ်စန်းဝင်းက “မိုးက အဆက်မပြတ်ရွာတယ်။ မိုးရွာတဲ့အခါ ရေပါတာ များတယ်။ မိုးရွာတဲ့အချိန် လေပြင်းတွေတိုက်တယ်။ အခုဖြစ်တာက ဒီရေတက်ချိန် မိုးက ရွာ၊ လေပြင်းတွေက တိုက်နဲ့၊ ပင်လယ်ထဲမှာ လှိုင်းကြီးပြီး ကမ်းကို လှိုင်းလာရိုက်တာကြောင့် ကမ်းခြေဘက်က အိမ်တွေ လေတိုက်တာရော လှိုင်းရိုက်တာရောကြောင့် အခုလို ပြိုကုန်တာ၊ လုံးဝပြိုသွားတာက အိမ် ၂၀ လောက်။ ပြိုသွားတဲ့အိမ်ကလူတွေကို ရေလွတ်ရာကို ပို့ပေးထားရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အောင်သုခရပ်ကွက်က ကြေးနန်းဝင်း ကမ်းသာလမ်း ကမ်းရိုးတန်းတလျှောက်ရှိ လူနေအိမ်တချို့ အိမ်ရှေ့မျက်နှာစာ၊ အိမ်ခြေတိုင်တွေ၊ နေအိမ်အမိုးတွေ ပျက်စီး​ခဲ့ပါတယ်။

ဒီသဘာဝဘေးကြောင့် ကော့သောင်းမြို့ ကျေးရွာတချို့မှာ ရေကြီးလျှံတာတွေရှိပြီး လေပြင်းကြောင့် အမိုးလန်တာ၊ သစ်ပင်ကျိုးကျတာတွေ အနည်းငယ်ရှိပြီး လူထိခိုက်ဒဏ်ရာရတာ သေဆုံးတာတွေ မရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်နိုင်ဖို့ စာရင်းပြုစုနေပြီး အမြန်ဆုံးပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ပြည်နယ်နဲ့တိုင်းအချို့ မိုးကြီးနိုင်တယ်လို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။

သတင်း – လတ်ကိုကိုဦး

The post ကော့သောင်းမြို့တွင် ပင်လယ်ရေလှိုင်းကြောင့် လူနေအိမ် ၂၀ ခန့် ပြိုကျပျက်စီး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles