Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဖားကန့်တွင် ရေကြီးရေလျှံ၊ နေအိမ်အဆောက်အအုံ ၄၀၀ ကျော်နစ်မြုပ်ပြီး ၂၀ ကျော် မျောပါ

$
0
0

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ ရှဒူးဇွပ်ကျေးရွာမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ချောင်းရေ မြင့်တက်လာတဲ့အတွက် နေအိမ်နဲ့ အဆောက်အအုံ ၄၀၀ ကျော် ရေနစ်မြုပ်နေပြီး နေအိမ် ၂၃ လုံးက မျောပါသွားတယ်လို့ ရှဒူးဇွပ် ကျေးရွာအုပ်ချုပ်မှူးဦးနော်ဒီးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ မိုးရွာသွန်းလို့ ရေထပ်မံမြင့်တက် နေတယ်လို့ ဆိုပါတယ်။

“ရေက ဒီမနက် ၃ နာရီကနေစပြီး ပြန်ကြီးလာနေပြီ။ လမ်းပေါ်တွေမှာ ၅ ပေခန့်လောက်ပြန်တက်နေပြီ။ မိုးတွေလည်း အဆက် မပြတ်ရွာနေဆဲဘဲ ဆိုတော့ ရေကထပ်မြင့်တက်လာနိုင်တယ်။” 

လက်ရှိမှာတော့ ရေဘေးသင့်ပြည်သူ ၂ ထောင်ခန့်ရှိပြီး ဘာသာရေးကျောင်းတွေနဲ့ ဆွေမျိုးနီးစပ်ရာတွေမှာ ခိုလှုံနေကြရပြီး ရေဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ အစားသောက်တွေ လိုအပ်နေတယ်လို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဆိုပါတယ်။ 

အဲဒီလိုရေဘေးသင့်ပြည်သူတွေအတွက် သက်ဆိုင်ရာဌာနက စားနပ်ရိက္ခာနဲ့ အသုံးဆောင်ပစ္စည်းတွေလာရောက်လှူဒါန်းခဲ့သလို မျောပါခဲ့တဲ့ နေအိမ်တွေအတွက်လည်း တစ်အိမ်ထောင်ကို ၁ သိန်း လှူဒါန်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အခုနှစ်ထဲမှာတင်  ရေဘေးသင့်ခဲ့ရတာဟာ သုံးကြိမ်ရှိပြီဖြစ်ကာ အရင်နှစ်တွေက အခုလို ဆိုးဆိုးရွားရွား ရေကြီးတာမျိုးမဖြစ်ပေါ်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လုလုဒင်

The post ဖားကန့်တွင် ရေကြီးရေလျှံ၊ နေအိမ်အဆောက်အအုံ ၄၀၀ ကျော်နစ်မြုပ်ပြီး ၂၀ ကျော် မျောပါ appeared first on DVB.


Viewing all articles
Browse latest Browse all 3533