Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

နှစ်ပေါင်း ၂၀ အတွင်း ကင်းတားဆည်ရေ အနည်းဆုံးဖြစ်၊ နွေစပါးအတွက် ရေမပေးဝေနိုင်

$
0
0

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာ တည်ရှိတဲ့ ကင်းတားဆည်မှာ နှစ်ပေါင်း ၂၀ အတွင်း ဆည်ရေ အနည်းဆုံးအခြေအနေ ဖြစ်နေတာကြောင့် နွေစပါးအတွက် ရေမပေးနိုင်တော့ဘူးလို့ ကင်းတားဆည်မြောင်းဦးစီးဌာနက ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြောပါတယ်။

ကင်းတားတမံ ဆည်မြောင်းဦးစီအရာရှိ ဦးထင်ကျော်လင်းက “ကင်းတားတမံထဲမှာ ရေသိုလှောင်ထားတာ ဧကပေ ၁၁၀,၀၀၀ ရှိပါတယ်။ နှစ်ပေါင်း ၂၀ အတွင်းမှာတော့ အခုရှိနေတဲ့ ရေသိုလှောင်ထားမှုပမာဏဟာ အနည်းဆုံးပါပဲ။ နွေစပါးစိုက်ပျိုးဖို့ ရေမပေးနိုင်ပါဘူး. မိုးခေါင်တာကြောင့် ဆည်ထဲကို ရေဝင်နည်းပါတယ်။ ဆည်ထဲကို မနှစ်က မိုးတွင်းရေဝင်တာ ရေဧကပေ ၇ သိန်းလောက် ဝင်တယ်။ ဒီနှစ်က ရေဧကပေ ၅ သိန်းလောက်ပဲ ဝင်တယ်။ ရေအတော်နည်းသွားလို့ ဒီနွေမှာ ကျွဲ နွားတွေအတွက် ရေလိုအပ်တယ်ဆိုရင်တောင် သေချာစိစစ်ပြီးမှ ပေးနိုင်မှာပါ။ ကင်းတားဆည်က စိုက်ပျိုးရေးအတွက် အဓိကထားပြီး ရေပေးတာပါ။ စိုက်ပျိုးရေပေးတဲ့ရေကို လျှပ်စစ်ထုတ်ပါတယ်။ လျှပ်စစ် ၂၈ မဂ္ဂါဝပ်ထွက်တဲ့ စက် ၂ လုံး ရှိတယ်။ ပေါင်း ၅၆ မဂ္ဂါဝပ် ထွက်ပါတယ်။ အခုတော့ လျှပ်စစ်လည်း မထုတ်နိုင်တော့ပါဘူး” လို့ DVBကို ပြောပါတယ်။

ကင်းတားဆည်ကြီးက လက်ယာရေသောက်စနစ်၊ လက်ဝဲရေသောက်စနစ် ပန်းလောင် ရေသောက်စနစ် ဆိုပြီး စနစ် ၃မျိုးနဲ့ စိုက်ပျိုးရေ ပေးဝေပါတယ်။ 

ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး စတဲ့ ၄ မြို့နယ်က လယ်ယာမြေတွေကို ရေပေးနေတာပါ။

ကင်းတားဆည်ကြီးက ၁၉၉၆ ခုနှစ်ကစပြီး မိုးစပါး၊ နွေစပါးဆိုပြီး တနှစ်ကို စပါး နှစ်သီးစား စိုက်ပျိုးနိုင်အောင် ရေပေးဝေခဲ့ပါတယ်။

၂၀၂၀ နွေရာသီမှာ ရေဧကပေ ၂ သိန်းလောက် ဆည်ထဲမှာရှိခဲ့ပေမယ့် နွေစပါးအတွက်တော့ ရေ မပေးနိုင်ခဲ့ပါ။ လာမယ့်နှစ် ၂၀၂၁ နွေရာသီအတွက် ဆည်ထဲမှာ ရေဧကပေဟာ မနှစ်ကထက် ထက်ဝက်ခန့် နည်းသွားပါတယ်။

မိုးတွင်းကာလမှာ စပါးနဲ့ ယာသီးနှံ ဧက ၂ သိန်းကျော် စိုက်ရန်ရေပေးဝေပြီး နွေကာလမှာ စပါးနဲ့ ယာသီးနှံ ဧက ၁ သိန်းကျော် စိုက်ပျိုးနိုင်ဖို့ ရေပေးဝေပါတယ်။

 သတင်း၊ ဓာတ်ပုံ – မောင်မောင်လင်း


Viewing all articles
Browse latest Browse all 3533

Trending Articles


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


မနောမယအိမ်ခြံမြေရောင်းနည်း


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


နာမည်ကြီးနေတဲ့ ဆယ်လီတက္ကသိုလ်ကျောင်းသူ အချောလေးများ


ဂျပန်နာမည်ကြီး အပြာမင်းသားကြီးနဲ့ ကိစ္စ သင်ဇာဝင့်ကျော်ပြောပြီ…..