Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပူတာအိုတွင် ရွှေလိပ်အပါအဝင် ရှားပါးမျိုးစိတ်လိပ်များကို ဝါသနာရှင်တစ်ဦးက မွေးမြူနေ

$
0
0

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ဆင်လွမ်ဒမ်း ၂ ‌ကျေးရွာမှာ ရှားပါးမျိုးစိတ် လိပ်တစ်ကောင်ကို မွေးမြူထားပါတယ်။ 

အဲဒီရှားပါးမျိုးစိတ် ရွှေလိပ်ကို ဆင်ဆွမ်ဒမ်း ၂ ကျေးရွာမှာ နေတဲ့ ဦးရင်ထန်ခင်းဗေးက ၂၀၂၀ ခုနှစ် မေလ ၇ ရက်နေ့တုန်းက တွေ့ရှိခဲ့တာပါ။ 

အဲဒီရွှေလိပ်ဟာ မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှတိုက်မှာလည်း မရှိသေးတဲ့ ရှားပါးမျိုးစိတ်ဖြစ်တယ်လို့ လိပ်ပါရဂူတစ်ဦးက ပြောဆိုကြောင်း ရွှေလိပ်တွေ့ရှိထားတဲ့ ဦးရင်ထန်ခင်ဗေးက ပြောပါတယ်။ 

အဲဒီရွှေလိပ်နဲ့အတူ ထူးခြားတဲ့ လိပ်မျိုးစိတ် ၉ ကောင်လောက်ကိုလည်း မွေးမြူထားပြီး အစာကိုတော့ အသီးအနှံအပြင် ၂ ပတ်တကြိမ် အမဲသားကျွေးတယ်လို့ သိရပါတယ်။  

မွေးမြူထားတဲ့ လိပ်တွေထဲက ရွှေလိပ်ကို လာရောက် လေ့လာသူတွေရှိပြီး ဟိုတယ်လုပ်ငန်းရှင်တွေက ကျပ်ငွေ အမြောက်အမြားပေးပြီး ဝယ်ယူသူတွေ ရှိပေမယ့် မရောင်းခဲ့ဘူးလို့ မွေးမြူထားသူက ပြောပါတယ်။ 

ရွှေလိပ်တွေ့ရှိထားသူ ဦရင်ထန်ခင်‌ဗေးဟာ ဓမ္မအမှုတော်ဆောင် ဆရာတစ်ပါး ဖြစ်နေတဲ့အတွက် ရွှေလိပ်‌နဲ့ တခြားလိပ်တွေကို ဆက်လက်မွေးမြူဖို့ ငွေကြေးအခက်အခဲ တွေ့ကြုံနေရတာကြောင့် ရွှေလိပ်ကို လေ့လာချင်တဲ့သူတွေဆီက  အလှူငွေကောက်ခံဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။ 

သတင်း – ဖေနောင်းအောင်


Viewing all articles
Browse latest Browse all 3533

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ချစ်စရာ့ မြန်မာ့ဓလေ့


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


TTA Oreo Gapp Installer


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး