Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

စပိန်တွင် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး ဆီးနှင်းကျဆင်းမှုကြောင့် ၂ ဦး သေဆုံး

$
0
0

စပိန်နိုင်ငံ မြို့တော်မက်ဒရစ်မှာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး ဆီးနှင်းကျဆင်းမှု ကြောင့် ဇန်နဝါရီ ၉ ရက်က လူနှစ်ယောက်သေဆုံးခဲ့ပါတယ်။ 

စပိန်တောင်ပိုင်း မာလာဂါမြို့အနီးမှာ  အမျိုးသမီးတစ်ဦး ကားထဲပိတ်မိပြိး သေဆုံးခဲ့ပါတယ်။ 

အလားတူ နိုင်ငံအရှေ့ပိုင်း ကာလာတာယူမြို့မှာလည်း အိမ်ခြေမဲ့တစ်ဦး အေးခဲ သေဆုံးခဲ့ပါတယ်။ 

စပိန်ဝန်ကြီးချုပ် ဆန်းချက်ကလည်း ခရီးသွားလာတာတွေကို ရှောင်ရှားပြီး အရေးပေါ် အကူအညီပေးရေးအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။ 

မြို့တော် မက်ဒရစ် အနီးဝန်းကျင် လမ်းမတွေပေါ်မှာ နာရီချီပြီး ပိတ်မိနေတဲ့  ယာဉ်မောင်းတွေကို ကယ်ဆယ်ဖို့  စစ်သားတွေ ကြိုးပမ်းနေကြပါတယ်။ 

လမ်းမတွေပေါ်က  ယာဉ်တွေကို ကယ်ဆယ်ရေး  ဆက်လုပ်နေတယ်လို့  စစ်ဘက်အရေးပေါ် အကူအညီပေးရေး အဖွဲ့က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။ 

ဖလော်မီနာ ဆီးနှင်းမုန်တိုင်းကြောင့် မက်ဒရစ်လေဆိပ်ကို ပိတ်ထားပြီး ခါတိုင်း ယာဉ်သွားယာဉ်လာထူပြောတဲ့ ဂရန်ဗီယာ လမ်းမပေါ်မှာ လူတွေက နှင်းလျှောစီးနေကြပါတယ်။ 


Viewing all articles
Browse latest Browse all 3533

Trending Articles