Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အင်ဒိုနီးရှားမြေပြိုမှု သေဆုံးသူ ၁၂ ဦးထိ မြင့်တက်လာ

$
0
0

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ မြေပြိုတာကြောင့် သေဆုံးသူဦးရေဟာ ဇန်နဝါရီ ၁၀ ရက်မှာ ၁၂ ယောက်ထိ မြင့်တက်သွားပြီလို့ သိရပါတယ်။

မြေပြင်အခြေအနေနဲ် မိုးကြီးတာတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပါတယ်။

 ဇန်နဝါရီ ၉ ရက်က မြေပြိုမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် လူ ၁၂ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ အင်ဒိုနီးရှား ကပ်ဘေးစီမံရေးအမျိုးသားဘုတ်အဖွဲ့ BNPB က ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။

 မြို့တော် ဂျကာတာရဲ့ အနောက်တောင် ဘက် ၉၅ မိုင် အကွာက အနောက် ဂျာဗားပြည်နယ် စူမေဒန် စီရင်စုက စီဟန်ဂျူအန်ရွာမှာ စနေည ၇ နာရီခွဲက မြေပြိုခဲ့တယ်လို့ BNPB က ကြေညာချက် ထုတ်ပြန်ပါတယ်။

 ပထမ မြေပြိုရာနေရာမှာ ရှင်သန်ကျန်ရစ်သူတွေကို တာဝန်ရှိသူတွေက ဘေးကင်းရာ ရွှေ့နေချိန်မှာ ဒုတိယအချီ မြေပြိုခဲ့တာလို့ သူက ဆက်ပြောပါတယ်။

 အပျက်အစီးတွေ၊ ရွှံ့တွေကြားကနေ လူနာတင်ယာဉ်တစီးကို ကယ်ဆယ်ရေး အုပ်စုတွေ ကြိုးစား ဖယ်ထုတ်နေတဲ့ ရုပ်သံကိုလည်း ရိုက်တာသတင်းက ထုတ်လွှင့်ခဲ့ပါတယ်။

 တနေကုန် မိုးတွေ ဆက်ရွာနေပြီး မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်နေလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးမယ်လို့ ထင်ကြေးပေးနေကြပါတယ်။


Viewing all articles
Browse latest Browse all 3533

Trending Articles