Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

သပိတ်ကျင်းမြို့အနီး ရွှေကြောပေါ်သဖြင့် လာရောက်တူးဖော်သူများလာ

$
0
0

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့အနီးမှာ ရွှေကြောတစ်ခုပေါ်လာတာကြောင့် ရွှေလုပ်ငန်းလုပ်ကိုင်သူတွေ လာရောက်တူးဖော်နေကြတယ်လို့ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

သပိတ်ကျင်းမြို့ရဲ့ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာ၊ဒေသအခေါ်၊ ရေလာဘိချောင်းဖျား အနီးမှာ ဇန်နဝါရီလ ၉ ရက်က  ရွှေကြော တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အရင်က ရွှေတူးဖော်မှု လုပ်ကိုင်ခဲ့ပြီး တိမ်ကောသွားတဲ့ နေရာကို ရွှေရှာစက်တွေနဲ့ လိုက်လံ ရှာဖွေခဲ့ရာက တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁) နယ်မြေမှ ကိုယ်စားလှယ် ဦးစိုးလွင်က” ရှေးရှေးတုန်းက လုပ်ခဲ့ဖူးတဲ့ ထဲကနေပြီးတော့မှ ပေါ်လိုက်တာပါ။ လုပ်ကွက်ရယ်လို့ မဟုတ်သေးပါဘူး၊ရွှေကြောပါ” လို့ ပြောပါတယ်။

လတ်တလောမှာ လူဦးရေ တစ်ရာနီးပါးလောက်  လာရောက် ရှာဖွေ တူးဖော်နေကြတယ်လို့လည်း သိရပါတယ်။

ဦးစိုးလွင်က “တရားဝင်လုပ်ကွက်ဖြစ်အောင် ဒေသခံတွေအတွက် အစုအဖွဲ့ပိုင် လုပ်ငန်းအဖြစ် လုပ်လို့ရအောင်၊ဒေသခံတွေ လုပ်ငန်းကိုင်ငန်း ရအောင်လို့အတွက် လက်လုပ်လက်စားလုပ်ကွက် လျှောက်ပေးမယ်” လို့ ဆိုပါတယ်။

ရွှေကြောတွေ့ရှိရာနေရာဟာ တခြားရွှေလုပ်ကွက်တွေ မဟုတ်တာ၊ လမ်းနယ်မဟုတ်တာ၊ ထိခိုက်နိုင်မှု ပြဿနာ စတာတွေ မရှိသေးတဲ့အတွက် တားမြစ်တာတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

သပိတ်ကျင်းမြို့နယ်ဟာ ရွှေသတ္တုထွက်ရှိမှု များပြားတဲ့ နယ်မြေတစ်ခုဖြစ်ပြီး လတ်တလော အနေနဲ့ အသေးစားနဲ့ အလတ်စား ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းတွေကို စိစစ်ကာ တရားဝင်ချထား ပေးနေတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

သတင်း – ထိန်ထိန်လင်း၊ ဓာတ်ပုံ-ဦးမင်းမင်းထွန်း


Viewing all articles
Browse latest Browse all 3533

Trending Articles