ချီလီနိုင်ငံ ဗယ်လ်ပါရိုင်ဆိုဒေသမှာ ဇန်နဝါရီ ၁၅ ရက်က တောမီးတွေ စတင်လောင်ကျွမ်းနေတာကြောင့် ထောင်ချီတဲ့လူတွေကို နေအိမ်တွေကနေ ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ကေလ်ပွေမြို့နားမှာ တောမီးက ဖြတ်သန်းလောင်ကျွမ်းချိန်အတွင်း ပိုင်ဆိုင်မှု ဆယ်ခုထက် မနည်း မီးဝိုင်းခံရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မီးသတ်သမားတွေဟာ မီးကို ကြိုးစား ငြှိမ်းသတ်နေရပါတယ်။
သေဆုံး ဒဏ်ရာရသူ မရှိသေးပေမဲ့ ဒေသခံ အယောက် ၂၅,၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အရာရှိတွေက အမိန့်ထုတ်ထားပါတယ်။
မီးဟာ သစ်တော ဟက်တာ ၄၀၀ ကို လောင်ကျွမ်းခဲ့ပြီး မီးသတ်သမားတွေက အဓိက ၄ နေရာမှာ အာရုံစိုက် အားထုတ်နေတယ်လို့ အရေးပေါ်အာဏာပိုင်တွေက ပြောပါတယ်။
တမင်သက်သက် မီးရှို့ရာက တောမီး စတင်လောင်ကျွမ်းတာ ဖြစ်ကြောင်း အာဏာပိုင်တွေက ယုံကြည်ထားတယ်လို့လည်း ဒေသန္တရအစိုးရအရာရှိတယောက်က ပြောပါတယ်။