Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးရွာနိုင်

$
0
0

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၇ ရက်ညပိုင်း ထုတ်ပြန်ချက်အရ ဒီကနေ့ မွန်းတည့်ချိန်အထိ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ နေရာကွက်ကျားမိုးရွာနိုင်ပြီး ရွာနိုင်ခြေရာခိုင်နှုန်း ၈၀ ရှိနေတယ်လို့ ခန့်မှန်းထားတာပါ။ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ သာယာနေပါတယ်။

နောက် ၂ ရက်အတွက် ခန့်မှန်းချက်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့အတူ ရှမ်းပြည်နယ်မှာပါ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်ကတော့ ၅ ပေကနေ ၉ ပေ လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင် လယ်ပြင်တွေမှာတော့ ၄ ပေကနေ ၆ ပေလောက်ထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။


Viewing all articles
Browse latest Browse all 3533

Trending Articles