Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဧရာဝတီတိုင်းတွင် ၂၀၂၀ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် ၃၇ ဦးသေဆုံး

$
0
0

ဧရာတိုင်းမှာ ၂၀၂၀ ပြည့်နှစ်အတွင်း မိုးကြိုးပစ်ခတ်မှု ၃၇ ကြိမ်အထိရှိခဲ့ပြီး လူအယောက် ၃၇ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရှိခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။

မိုးကြိုးပစ်ခံရလို့ သေဆုံးဒဏ်ရာရရှိသွားသူတွေဟာ ပုသိမ်ခရိုင်မှာ ၈ ဦး၊ ဖျာပုံခရိုင်မှာ ၉ ဦး၊ လပွတ္တာခရိုင်မှာ ၆ ဦး၊ မအူပင်ခရိုင်မှာ ၄ ဦး ဟင်္သာတခရိုင်နဲ့ မြောင်းမြခရိုင်မှာ ၅ ဦးစီ သေဆုံးခဲ့တာပါ။

တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က “ကွင်းပြင်တွေဖြစ်တဲ့အခါကျတော့ မိုးကြိုးပစ်ဖို့များတာပေါ့။ အီလက်ထရောနစ် ပစ္စည်းတွေ ကြောင့် မိုးကြိုးပစ်တဲ့သဘောလည်းရှိတယ် မိုးကြိုးဘေးကို ဂရုစိုက်သင့်ပါတယ်”လို့ ပြောပါတယ်။

မိုးကြိုးအပစ်ခံရမှုကြောင့် သေဆုံးခဲ့သူတွေအတွက် ၁ ဦးကို ၃ သိန်းနှုန်းနဲ့ ဒဏ်ရာရသူတွေအတွက် ၁ ဦးကို ၅ သောင်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးကြိုးအပစ်ခံရလို့ သေဆုံးသူတွေထဲမှာ တဝက်လောက်က လယ်ယာအလုပ်လုပ်ကိုင်သူတွေ ဖြစ်ပြီး ကျန်တဲ့လူတွေကတော့ ကွင်းပြင်ထဲသွားလာစဉ်မှာ အပစ်ခံရတာ များတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူဦးရေ ၁၃ ဦး နဲ့ ဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း – မင်းထက်မုန်း (ပုသိမ်)


Viewing all articles
Browse latest Browse all 3533

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ချစ်စရာ့ မြန်မာ့ဓလေ့


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


သင်္ဘောဦးပိုင်းတွင်တပ်ဆင်ထားသည့်ကျောက်ဆူး နှင့် သင်္ဘော ဦးပိုင်း ထိခိုက် သွား၍...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


TTA Oreo Gapp Installer


ယာတောက သာဗြော - အဝေးက ပေးစာတစောင် (ပုဂံငလျင်)


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်