Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

သီပေါတံတားကျိုး၊ လူ ၃ ဦး သေဆုံး

$
0
0

မိုးကြီးပြီး ရေကြီးတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့လယ်က နမ့်ပေါချောင်းတံတား ကျိုးကျလို့ လောလောဆယ် ၃ ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရတယ်လို့ မြို့နယ်ရဲစခန်းက စုံစမ်းသိရှိရပါတယ်။

ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းမှာ တံတားကျိုးကျခဲ့တာဖြစ်ပြီး တံတားပေါ်မှာရှိနေတဲ့သူတွေ တံတားပိပြီး သေဆုံးတာလို့ တာဝန်ကျဒုရဲမှူးက ပြောပါတယ်။

“တံတားပေါ်မှာနေတော့ တံတားကျိုးတော့ အောက်ကိုကျိုးကျပြီး ပိပြီး သေဆုံးတာ၊ လောလောဆယ်တော့ ၃ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ ကျန်တာကတော့ ရှာဖွေ ကယ်ဆယ်ဆဲပေါ့။”

လူဘယ်နှယောက် မျောပါပျောက်ဆုံးတယ်ဆိုတာ အတည်ပြုလို့ မရသေးဘဲ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတုန်းလို့လည်း ပြောပါတယ်။

ဇူလိုင် ၂၄ နဲ့ ၂၅ ရက်တို့မှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဒေသတချို့မှာ ဖြစ်ပွားခဲ့လို့ လူသေဆုံးမှုရှိခဲ့တဲ့ထဲ သီပေါမှာတော့ တံတားကျိုးပြီး လူသေဆုံးခဲ့တာ ဖြစ်ပါတယ်။

The post သီပေါတံတားကျိုး၊ လူ ၃ ဦး သေဆုံး appeared first on DVB.


Viewing all articles

Trending Articles