Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကလေးမြို့ နှစ်ပေါင်း ၄၀ အတွင်း အဆိုးဆုံးရေကြီး (ဓာတ်ပုံ)

$
0
0

ကလေးမြို့ဟာ ကဘော်ချိုင့်ဝှမ်းနဲ့ ဆက်ထားတဲ့ ကလေးချိုင့်ဝှမ်းလွင်ပြင်ထဲမှာ ရှိနေပြီး ချင်းတောင်တန်းတွေရဲ့ အခြေမှာရှိနေတဲ့ မြို့တမြို့ဖြစ်ပါတယ်။

ချင်းတွင်းမြစ်ရဲ့ အကြီးဆုံးမြစ်လက်တက်ဖြစ်တဲ့ မြစ်သာမြစ်ရဲ့ ကမ်းဘေးမှာရှိနေတာကြောင့် စိုးရိမ်ရတဲ့ အနေအထားပါ။

အခု လောလောဆယ်ဆယ် ရေကြီးမှုအနေအထားက နှစ်ပေါင်း လေးဆယ်အတွင်း အဆိုးဆုံး အခြေအနေမှာရှိနေတယ်လို့ အသက် ၆၀ အရွယ် ဒေသခံတဦးက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ကလေးဝဘက်ကိုအထွက် ကားလမ်းဘေးက ရွာတွေဖြစ်တဲ့ ဂျီကုန်း၊ ပြင်သာနဲ့ ဖောင်ကူးရွာတွေတွေ ဒေသခံတွေလည်း ရေလွတ်ရာကို ရွှေ့ပြောင်းနေကြရပါပြီ။

ကလေးမြို့အနီး ရာဇဂြိုဟ်ဆည်ရဲ့ ရေမှတ်က မနေ့က ည ၇ နာရီတိုင်းတာချက်အရ ၆၄၇ ပေအထိ ရှိနေပြီး ဇူလိုင် ၂၉ ရက်နေ့မှာ တနေကုန်နီးပါး မိုးရွာသွန်းနေတာမို့ ဆည်အခြေအနေကလည်း စိုးရိမ်နေရပါတယ်။

မြန်မာပြည်အလယ်ပိုင်းမှာလည်း ရေကြီးရေလျှံမှုတွေ နေရာအနှံ့ ဖြစ်နေတာမို့ ကလေးလွင်ပြင်မှာ ရေကအယ်နေပြီး မိုးရွာလို့ အထက်က ထပ်ကျလာတဲ့ တောင်ကျရေတွေ ကြောင့် လက်ရှိရေအနေအထားက ထပ်ပြီး မြင့်တက်လာဖို့ ရှိနေလို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ဓာတ်ပုံ- ကျော်သူစိုး (ကလေးမြို့)

 

The post ကလေးမြို့ နှစ်ပေါင်း ၄၀ အတွင်း အဆိုးဆုံးရေကြီး (ဓာတ်ပုံ) appeared first on DVB.


Viewing all articles

Trending Articles


စနေမင်း နှင့် တနင်္ဂနွေမင်း


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား