Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ရေဘေးသင့်သူများ မူလအခြေအနေ အမြန်ပြန်ရောက်အောင် အသင့်ပြင်ဆင်ထားဟု သမ္မတပြော

$
0
0

သဘာဝဘေးဒုက္ခ ကြုံတွေ့နေရသူများအား ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးနေပြီး မူလအနေအထားကို အမြန်ဆုံး ပြန်လည်ရောက်ရှိအောင် စီမံဆောင်ရွက်ပေးဖို့ အသင့်ပြင်ဆင်ထားတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတ၀န်းကို ရေဒီယိုကနေ ပုံမှန်လစဉ်ပြောကြားတဲ့ သြဂုတ် ၆ ရက် ဒီကနေ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံတ၀န်း လက်ရှိကြုံတွေ့နေရတဲ့ ရေဘေးနဲ့ ပတ်သက်ပြီး အဓိကထား ပြောကြားသွားတာပါ။

“နိုင်ငံတော် အပိုင်းကလည်း ဘေးဒုက္ခကြုံတွေ့နေရသူများအား ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မူလအနေအထားကို အမြန်ဆုံး ပြန်လည်ရောက်ရှိအောင် ငွေအား၊ လူအား၊ ပစ္စည်းအားတို့ဖြင့် စီမံဆောင်ရွက်ပေးရန် အသင့်ပြင်ဆင်ထားရှိပြီး ဖြစ်ပါတယ်။ သဘာဝဘေးဒဏ်ကို တားဆီး၍ မရနိုင်သော်လည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်မှု၊ မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်အောင် ပြန်လည်ထူထောင်ပေးမှုတို့ကို ကိုယ်ချင်းစာနာစိတ်၊ မျိုးချစ်စိတ်၊ တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှုတို့ဖြင့် ပြည်သူများနှင့် ပူးပေါင်းကာ အစွမ်းကုန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ သမ္မတက ပြောပါတယ်။

မြန်မာပြည်တ၀န်း အထူးသဖြင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာ ရေဘေးဒုက္ခ ခံစားနေရတာဖြစ်ပြီး လက်ရှိ ဒေသတချို့မှာ ရေပြန်ကျသွားပြီဖြစ်ပေမယ့် ဧရာဝတီတိုင်းမှာ မြစ်ရေတက်လာမှုကြောင့် ရေကြီးမှု အန္တရာယ်နဲ့ ဆက်လက်ကြုံတွေ့နေရတာပါ။

သမ္မတ ဦးသိန်းစိန်ကတော့ ရေပြန်ကျသွားတာနဲ့ လယ်ယာမြေတွေ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ဖို့ ထွန်စက်၊ မျိုးစပါးတွေကိုလည်း အသင့်ပြင်ဆင်ထားပြီး ရေနစ်မြုပ် ပျက်စီးသွားတဲ့ အိမ်တွေ အသစ်ပြန်လည်ဆောက်လုပ်နိုင်ဖို့လည်း အကူအညီပေးဖို့  စီစဉ်ထားပြီးဖြစ်တယ်လို့ မိန့်ခွန်းမှာ ပြောသွားပါတယ်။

ဒါ့ပြင် ရေဘေးသင့်သူတွေ ယာယီစားသုံးနိုင်ဖို့ ဆန်နဲ့ ထောက်ပံ့ငွေ အချို့ကိုလည်း ပေးလိုက်ပြီး အချိန်အတိုင်းအတာ တခုအထိ ဆန်များ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းနဲ့ ရေတား တာတမံတွေ မကျိုးပေါက်စေရေး နေ့ရောညပါ စောင့်ကြပ်ကြည့်ရှုနေတယ်လို့လည်း ဆိုပါတယ်။

ရေဘေးသင့် ပြည်သူတွေအတွက် အကူအညီပေးနေကြတဲ့ ဒေသခံပြည်သူတွေ၊ စည်ပင်၊ ကြက်ခြေနီ၊ မီးသတ်၊ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အစိုးရဝန်ထမ်းတွေ၊ ရပ်ဝေးရပ်နီးမှ အလှူရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ရဟန်းရှင်လူပုဂ္ဂိုလ်တွေ၊ အန်ဂျီအိုတွေ၊ သံရုံးအဖွဲ့တွေက အစားအစာ၊ အသုံးအဆောင်ပစ္စည်း၊ အဝတ်အထည်၊ ဆေးဝါးတွေကို ပေးပို့လှူဒါန်းကြတဲ့ အလှူရှင်တွေ အားလုံးကိုလည်း ကျေးဇူးအထူးတင်တယ်လို့ ပြောကြားပါတယ်။

သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တားဆီးလို့ မရနိုင်တာကြောင့် အန္တရာယ်ရှိလာနိုင်ပါက ဘေးကင်းရာသို့ ကြိုတင် ရွှေ့ပြောင်းနေထိုင်တာ စိတ်အချရဆုံး ဖြစ်တယ်လို့  သမ္မတက တိုက်တွန်းလိုက်ပါတယ်။

ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံတ၀န်း  အိမ်ထောင်စုပေါင်း ၄၅၅၀၂ ရှိ လူပေါင်း ၂၅၉၇၉၉ ရေဘေးဒုက္ခ ခံစားနေရကာ သေဆုံးသူ ၆၉ ရှိနေပြီဖြစ်ပြီး ရေကြီးနစ်မြုပ်မှုကြောင့် ကောက်ပဲသီးနှံဧကပေါင်း ၄၄၅၉၁၃ ဧက ထိခိုက်ပြီး ၆၅၂၁၁ ဧက ပျက်စီးသွားတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။

The post ရေဘေးသင့်သူများ မူလအခြေအနေ အမြန်ပြန်ရောက်အောင် အသင့်ပြင်ဆင်ထားဟု သမ္မတပြော appeared first on DVB.


Viewing all articles

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


အောင်ဝေး - ေ ဒၚ ေ အ ာ င် ဆ န်း စု ကြ ည် သို့ေ ချ ပ ချ က် (၂)


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


သွေးမြေမကျခဲ့သော ဘုရင့်နောင်၏ သီဟိုဠ်ကျွန်း အရေး


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)


မနောမယအိမ်ခြံမြေရောင်းနည်း


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်