၂ နှစ်အတွင်း အင်အားအကြီးဆုံး တိုင်ဖွန်းမုန်တိုင်းက တိုင်ဝမ်ကျွန်းဆီ ဦးတိုက် ချဉ်းကပ်လာနေပြီး သြဂုတ်လ ၈ ရက်နေ့မှာ တိုင်ဝမ်ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
အပျက်အစီးသက်သာအောင် ပြင်ဆင်ထိန်းချုပ်နေကြပြီး စိုဒလာ တိုင်ဖုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် တိုင်ဝမ်ရဲ့ အရှေ့မြောက်ပိုင်း ယိလန်မြို့နယ် ကမ်းလွန် ရေပြင်မှာ လူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။
သြဂုတ် ၇ ရက်နေ့ မနက်ပိုင်းမှာတော့ ခရီးသည်တွေ ပင်လယ်ကမ်းနားဘက်ကို နီးနီးကပ်ကပ် မသွားနိုင်အောင် လုံခြုံရေး စည်းတွေ ချထားပါတယ်။
မြန်နှုန်းမြင့် ရထားတွေနဲ့ တိုင်ပေရဲ့ အမြန်ရထားစနစ်တွေ သြဂုတ် ၇ ရက်နေ့မှာ ပုံမှန် ပြေးဆွဲနေပေမယ့် မုန်တိုင်းဝင်မယ့် သြဂုတ်လ ၈ ရက်နေ့မှာတော့ ရထားဝန်ဆောင်မှုကို ရပ်တန့်ထားဖို့ မျှော်လင့်ထားပါတယ်။
မုန်တိုင်းဗဟိုမှာ ၁ နာရီလေတိုက်နှုန်း ၁၀၇ မိုင်ရှိနေတယ်လို့ ဗဟိုမိုးလေဝသဗျူရိုက ပြောပါတယ်။
တိုင်ဝမ်နိုင်ငံကို ၂၀၁၃ ခုနှစ်က တကြိမ် ၂၀၀၉က တကြိမ် တိုင်ဖုန်းမုန်တိုင်းကြီးတွေ ဝင်ရောက်ခဲ့ဖူးလို့ လမ်းတွေပိတ်ပြီ ရွာတွေ ပြားပြားဝပ် ပျက်စီးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ လူတွေ သေဆုံးခဲ့ ဖူးပါတယ်။
တိုင်ဝမ်နိုင်ငံ သမိုင်းဖတ်စာ ပြန်လှန်သုံးသပ်ချက်ကို ဆန့်ကျင်ပြီး ကျောင်းသားတွေက ပညာရေး ဝန်ကြီးဌာနရှေ့မှာ သီတင်းပတ် တပတ်ကြာ ဆန္ဒပြမှုဟာလည်း မုန်တိုင်းကြောင့် ရပ်တန့်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်ဒေသအတွင်း ခုလို အချိန်မှာ တိုင်ဖုန်း မုန်တိုင်းတွေက ဖြစ်နေကျပါ။
The post အင်အားအကြီးဆုံး တိုင်ဖုန်းမုန်တိုင်း တိုင်ဝမ်ကျွန်းဆီ ဦးတည် (ရုပ်သံ) appeared first on DVB.