Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

နိုင်ငံတ၀န်း လူ ၁ သန်းခန့် ရေဘေးသင့်၊ ၁၀၀ ခန့်သေဆုံး

$
0
0

နိုင်ငံတ၀န်း ပြည်နယ် ၁၁ ခုမှာ ရေကြီးမိုးကြီးခဲ့လို့ ရေဘေးသင့်သူ လူဦးရေ ၁ သန်းလောက်နဲ့ ရေဘေးအတွင်း သေဆုံးသူ ၁၀၀ လောက်ရှိနေပြီလို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။

ဒီစာရင်းဟာ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ် ၈ ရက်အထိ ရရှိထားတဲ့ ကိန်းဂဏန်းတွေ ဖြစ်တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“အခု ဇူလိုင်နဲ့ သြဂုတ်အတွင်း ဖြစ်တဲ့ ရေဘေးမှာတော့ စုစုပေါင်း ၉၂ ယောက် သေဆုံးလို့ မနေ့ကထိ ကျမတို့ရတာပေါ့။ ဇွန်လထဲမှာလည်း တနင်္သာရီတို့၊ ရခိုင်တို့မှာ ရေဘေးတခု ဖြစ်ခဲ့သေးတယ်။ အဲ့ဒီမှာ သေတာက ၇ ယောက်။ အဲ့ဒီတော့ ဇွန်မှာ ဖြစ်ခဲ့တာရော၊ လတ်တလော ဇူလိုင်၊ သြဂုတ်မှာဖြစ်တာရော ပေါင်းရင် ၉၉ ရှိတယ်။ အခုဖြစ်တဲ့ ရေဘေးမှာ တနိုင်ငံလုံး ရေဘေးခံစားရတဲ့သူပေါင်းက ၉ သိန်း ၈ သောင်းခန့် ရှိပါတယ်။”

လတ်တလော ရေပြန်ကျနေတဲ့ စစ်ကိုင်း၊ မကွေးတို့မှာ ရေဘေးသင့်သူတွေ အိမ်ပြန်နေနိုင်ဖို့ ကူညီလုပ်ဆောင်ပေးနေပြီး အစိုးရအနေနဲ့ ရိက္ခာ ၂ ပတ်စာ ထောက်ပံ့ကူညီပေးနေတယ်လို့ ပြောပါတယ်။

ရေဘေးအတွင်း သေဆုံးသူ ၁၀၀ လောက်မှာ အများစုက ရခိုင်ရေကြီးမှုအတွင်း သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

ရေကြီးရေလျှံမှုတွေ အဆိုးဆုံးဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းက ကလေး၊ မကွေးတိုင်းက ပွင့်ဖြူ၊ ရခိုင်ပြည်နယ်က မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ်တို့မှာ အခုအခါ ရေပြန်ကျသွားပြီး လမ်းနဲ့အိမ်တွေမှာ တင်ကျန်ရစ်တဲ့ နုန်းတွေကို ဖယ်ရှားရှင်းလင်းနေကြရပါတယ်။

အိမ်မှာ ပြန်နေနိုင်ဖို့နဲ့ သူတို့ရဲ့ လုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့ အနည်းဆုံး ၂ ပတ်လောက် အချိန်ယူရမှာဖြစ်ပြီး ရေဘေးသင့်ပြည်သူတွေဘ၀ ပြန်လည်ထူထောင်နိုင်ဖို့ အနည်းဆုံး ၆ လလောက် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

လတ်တလော မြစ်ရေကြီးပြီး ရေကြီးတဲ့ဒဏ်ခံနေရတဲ့ တိုင်း ၂ ခုကတော့ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့ဖြစ်ပြီး အဲ့ဒီတိုင်း ၂ ခုမှာရှိတဲ့ လယ်ဧက သိန်းနဲ့ချီရေမြုပ်နေပြီး သောင်းနဲ့ချီပြီး ပျက်စီးနေပါတယ်။

ဧရာဝတီတိုင်းတခုတည်းမှာတင် လတ်တလော လူဦးရေ ၂ သိန်းခွဲကျော် ရေဘေးသင့်နေပြီး လယ်ဧက ၂ သိန်းခန့် ရေမြုပ်နေပါတယ်။

The post နိုင်ငံတ၀န်း လူ ၁ သန်းခန့် ရေဘေးသင့်၊ ၁၀၀ ခန့်သေဆုံး appeared first on DVB.


Viewing all articles

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဘုရင့်နောင်မှ အုန်းပေါင်၊မိုးကောင်း၊မိုးနဲ ပြည်များကို သိမ်းပြီးနောက်...


TTA Oreo Gapp Installer


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”