Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ရေဘေးဒဏ်သင့် ကလေးမြို့ ဆန်ဈေး ၂ ဆခန့် မြင့်တက်

$
0
0

ရေကြီးမှုဒဏ် ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဆန်ပြတ်လပ်မှုကြောင့် ဆန်ဈေးနှုန်းတွေ ၂ ဆလောက် မြင့်တက်သွားတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ရေကြီးမှုကြောင့် လမ်းတံတားတွေ၊ လယ်မြေတွေတော်တော်များများ နှုန်းမြေတွေဖုံးပြီး ပျက်စီးသွားတဲ့ အပြင်ဆန်စပါး သိုလောင်ရုံတွေ ပျက်စီးကုန်တဲ့အတွက် အခုလို ဆန်ဈေးနှုန်းတွေ ၂ ဆ မြင့်တက်သွားတာလို့ မြို့ခံ ကိုစလိုင်းဗန်ထောင်းက ပြောပါတယ်။

“ဆန်ဈေးက တော်တော်လေးတက်တယ်။ ၂ ဆ နီးပါးတက်တယ်။ အခု နှစ်ပတ်လောက်ရှိသွားပြီ။ အခုဟာက ဧရာမင်းတွေဆိုရင်တော့ ၄ သောင်းဝန်းကျင် လောက်ရှိတယ်။ ပေါ်ဆန်းဆိုရင် ၃၂၀၀၀-၃၃၀၀၀ ရောင်းတယ်။ အရင်တုန်းက ဧရာမင်းဆန်ကို အများဆုံး ၂၈၀၀၀ နဲ့ ပဲရောင်းတာ။”

ကလေးမြို့ရဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း တနေ့ကမှ ကားတွေ ကလေးမြို့ကို ပြန်ဝင်လာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

ကလေးမြို့မှာ ဇူလိုင် ၂၇ ရက်နေ့ကစပြီး တမြို့လုံးနီးပါး ရေလွှမ်းမိုးခံခဲ့ရတာ ဖြစ်ပြီး  သြဂုတ် ၅ ရက်နေ့လောက်ကမှ ရေပြန်ကျသွားခဲ့တာပါ။

ရေကြီးမှုကြောင့် တမြို့လုံးနီးပါး ရွှံ့နွံတွေနဲ့ပြည့်နေပြီး အိမ်မွေးတိရစ္ဆာန်တွေလည်း သေကုန်တဲ့အတွက် မြို့တွင်းအနံ့အသက်တွေ ဆိုးဝါးနေပြီး ပြန်လည်ထူထောင်ရေး အကူအညီတွေ အတော်လေးလိုအပ်တယ်လို့  ကလေးမြို့ မေတ္တာရှင် ပရဟိတ္တအဖွဲ့က ကိုနဂါးက ပြောပါတယ်။

“ကျနော်တို့က နွံတွေကို ဖယ်ပြီးတော့မှ နေနေရတယ်။ ရေတွင်းတွေ၊ ရေကန်တွေကလည်း မသန့်ဘူးလေ။ ရှိတဲ့ဟာနဲ့ပဲနေနေရတာပေါ့။ သန့်ရှင်းတွေတွေကလည်း မပြီးသေးဘူး။ အစိုးရဘက်ကလည်း သူတို့ယန္တရားတွေက နည်းနေတဲ့အခါကျတော့ လုပ်တော့ လုပ်နေကြတယ်။ အဓိက မိန်းလမ်းကိုပဲ လုပ်နေကြတယ်။”

ဒါ့အပြင် ပျက်စီးသွားတဲ့အိမ်တွေ ပြန်လည်ပြုပြင်ရာမှာလည်း အစိုးရတာဝန်ရှိသူတွေကဆီကနေ တစုံတရာ ကူညီထောက်ပံ့မှုမရသေးဘဲ လက်ရှိ မြို့ပေါ်မှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကပဲ အစားအသောက်တွေအတွက် လှူဒါန်းပေးနေတယ်လို့ ဆိုပါတယ်။

ကလေးမြို့ပေါ်မှာ မနေ့ကစပြီး ကျောင်းတွေပြန်ဖွင့်လို့ ကလေးတွေ အတွက် သင်ထောက်အကူပစ္စည်းတွေ၊ ကျောင်းဝတ်စုံတွေ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ အစားအသောက်နဲ့ သောက်ရေသန့်ရရှိရေးက အဓိကလိုအပ်ချက်ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

The post ရေဘေးဒဏ်သင့် ကလေးမြို့ ဆန်ဈေး ၂ ဆခန့် မြင့်တက် appeared first on DVB.


Viewing all articles

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


လုလုအောင် HD အသစ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ