Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မင်းပြားမြို့နယ် ကျေးရွာ ၉ ရွာခန့် အရေးတကြီး အကူအညီလိုအပ်

$
0
0

ရခိုင်ပြည်နယ် မင်းပြားမြို့နဲ့ အနီးတစ်ဝိုက် ရွာတွေမှာ ရေကြီးမှုဒဏ်တွေကြောင့် ရေတွင်းဖုန်းပြီး လယ်မြေတွေလည်း ပျက်စီးကုန်တဲ့အတွက် အစားအသောက်နဲ့ သောက်သုံးရေ အရေးတကြီး လိုအပ် နေတယ်လို့ မင်းပြားမြို့နယ်က ဆရာလေး ဒေါ်ယုဝတီက ပြောပါတယ်။

“အခုတအားကို ဒုက္ခရောက်နေတဲ့ ရွာတွေရှိတာပေါ့။ မနေ့ကတော့ ရွာ ၄ ရွာသွားပြီးတော့ ရေတွေကူညီလိုက်တယ်။ ဆန်အခက်အခဲလည်း ရှိတယ်။ ဘယ်လို လုပ်ပေးရမလဲတောင် မသိဘူး။ ပွင့်ထီးရွာဆိုတဲ့ ရွာမှာဆိုရင် ဘုန်ကြီးကျောင်းပါ ရေထဲ မျောသွားတော့ အခု ၀ါးကျောင်းလေးနဲ့ နေနေရတယ်။ စပါးတွေ ဆန်တွေလည်း အကုန်လုံးပါသွားတယ်။ ကျွဲတွေ နွားတွေလည်း အကုန်ပါသွားကုန်တယ်။ ”

လက်ရှိ အစားအသောက်နဲ့ သောက်သုံးရေအဓိက လိုအပ်တဲ့ရွာတွေကတော့ ဇီးပင်ကြီး၊ သဲတန်း၊ ခေါင်းလောင်းရွာသစ်၊ ခေါင်းလောင်းရွာဟောင်း၊ ပွင့်ထီး၊ သိမ်ကြီးပြင်၊ ပန်ဇင်းမွှ၊ ဂန်ချောင်၊ နသဲချောင်း အစရှိတဲ့ ကျေးရွာတွေ အရေးတကြီးအကူအညီလိုအပ်တာလို့ဆိုပါတယ်။

လူမှုကူညီရေးအဖွဲ့တွေကလည်း တဖွဲ့စ နှစ်ဖွဲ့စ ရောက်ပေမယ့် အကူအညီတွေမလုံလောက်ပဲဖြစ် နေတယ်လို့လည်းဆိုပါတယ်။

“ဒီမှာက လုပ်စားရမယ့် အလုပ်အကိုင်တွေလည်း မရှိတော့ဘူး။ အခုက ကယ်ဆယ်ရေး မပေးတာ မဟုတ်ဘူး ကယ်ဆယ်ရေးတွေရှိတယ်။ ဒါပေမယ့် ဖူလုံမှုမရှိဘူး။ တဖွဲ့ရောက်လာ တယ် အိမ်တအိမ်ကို ဆန်တပြည်၊ နှစ်ပြည်အဲလိုပေးတယ်။ မိသားစုနည်းတဲ့သူကျတော့ တရက်စာနှစ်ရက် စာဖူလုံတာပေါ့နော်။ ဆရာလေးတို့ အိုဖက်ရွာတွေမှာ တွေ့ရတာက မိသားစု ၁၂ ယောက်ရှိတဲ့ အိမ်ရှိတယ်။ အဖေအမေ ၂ ယောက်၊ သားသမီး ၁၂ ယောက် အဲလို ရွာတွေရှိ တယ်။ အဲလိုတွေ ကျတော ဆန်တပြည်ပေးလို့ မလုံလောက်ဘူး။ ဖူလုံမှုမရှိတော့ တချို့ဆိုရင် မျှစ်နဲ့ပြုပ်ပြီးတော့ စားရတဲ့ရွာတွေလည်း ဆရာလေးတို့ ကြုံခဲ့ရတယ်။”

ဒါ့အပြင် လယ်ကွင်းတွေမှာ စပါးစိုက်လို့မရတော့တဲ့အတွက် နေ့စဉ်စပါးကစိုက်ပြီး ၀မ်းရေး အတွက် လုပ်ကိုင်စားသောက်နေရတဲ့ နေ့စားအလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်ကြုံနေရာတာလို့လည်း ဆိုပါတယ်။

လက်ရှိမှာ ပြန်လည်ထူထောင်ရေးထက် နေ့စဉ်စားသောက်ဖို့သာအဓိက လိုအပ်နေတာလို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း  မိုးအဆက်မပြတ်ရွာသွန်းပြီး ရေလွှမ်းမိုးခဲ့မှုကြောင့် စိုက်ပျိုးမြေဧက ၁၇ဝ၊ လူနေအိမ် ၅၅ဝ၊ စာသင်ကျောင်း ၅ ကျောင်း ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ လမ်းတံတား ၄၇ ခု ပျက်စီးဆုံးရှုံးသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

The post မင်းပြားမြို့နယ် ကျေးရွာ ၉ ရွာခန့် အရေးတကြီး အကူအညီလိုအပ် appeared first on DVB.


Viewing all articles

Trending Articles