လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်တို့ရှိ ကျေးရွာပေါင်း ၄၅၀ ကျော်မှာ သောက်သုံးရေ လုံးဝပြတ်တောက်ခဲ့တယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနက စုံစမ်းသိရှိရပါတယ်။
ဒီနှစ်မှာ အားကောင်းတဲ့ အယ်လ်နီညိုခေါ် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်နဲ့ ကြုံတွေ့မှာကြောင့် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် အခုကတည်းက ကြိုတင်ကြံဆ လုပ်ဆောင်နေတယ်လို့လည်း အဲ့ဒီဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။
မြေလတ်ပိုင်း မကွေးတိုင်းမှာ နှစ်တိုင်းလိုလို ကျေးရွာပေါင်း ၁၀၀ ကျော် သောက်သုံးရေပြတ်လပ်လေ့ရှိပြီး အခု အယ်လ်နီညိုနှစ်မှာ ခါတိုင်းနှစ်တွေထက် အခြေအနေ ပိုဆိုးနိုင်တယ်လို့ သိရပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုဖြစ်စဉ်ကို လာမယ့် ဇွန်လအထိ ကြုံတွေ့နိုင်တယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားပြီး ကျန်းမာရေး၊ မီးဘေး နဲ့ သောက်သုံးရေပြတ်လပ်မှု စတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့နိုင်ကြောင်း သက်ဆိုင်ရာဌာနတွေက သတိပေးနှိုးဆော်ထားကြပါတယ်။
The post ၂၀၁၅ တွင် ကျေးရွာပေါင်း ၄၅၀ ကျော် သောက်သုံးရေ လုံးဝပြတ်ခဲ့ appeared first on DVB.