Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဧရာဝတီမြစ်ရေ ရုတ်တရက်တိုးလာ၊ လှေသင်္ဘောနှင့် သဲသောင်ပေါ်နေသူများကို သတိပေး

$
0
0

ဧရာဝတီမြစ်ရေ ရုတ်တရက် တက်လာတာကြောင့် မြစ်ကြောင်းအတွင်းသွားလာနေကြတဲ့ လှေ၊ သင်္ဘောတွေနဲ့ သဲသောင်ခုံတွေပေါ်မှာ စိုက်ပျိုးနေထိုင်ကြသူတွေ သတိထားကြဖို့ မိုးဇလဌာနက တိုက်တွန်းလိုက်ပါတယ်။

မိုးဇလဌာနရဲ့ ဖေဖော်ဝါရီ ၂၂ရက် ထူုးခြားမြစ်ရေ အခြေနေ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၃၄၆ စင်တီမီတာသို့ ရောက်ရှိပြီး ၁၀ နာရီအတွင်း ၇ပေခန့်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မြစ်ရေဟာ  နောက် ၂ ရက် ၃ ရက်အတွင်း ဗန်းမော်နဲ့ ကသာမြို့မှာ ၅ ပေ မှ ၆ ပေခန့်၊  ၄ ရက်မှ ၆ ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနဲ့  ညောင်ဦးမြို့တွေမှာ ၄ ပေမှ ၅ ပေခန့်၊  နောက် ၇ ရက်မှ ၁၂ ရက်အတွင်း ချောက်၊မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့မှာ ၃ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်အထက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြစ်ကြီးနားမှာ မြစ်ရေအမြင့်ဆုံးအနေနဲ့ ဖေဖော်ဝါရီ ၂၂ရက် ည ၉ နာရီခွဲမှာ ၅၀၉ စင်တီမီတာ အထိအမြင့်ဆုံးမြင့်တက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ၂၃ရက်မှာ  မြစ်ရေပြန်ကျနေပါတယ်။

ကချင်ပြည်နယ်တာဝန်ခံ မိုးဇလဌာနလက်ထောက်ညွန့်ကြားရေးမှူး ဦးတင်ထိုက်ကတော့ ဒီနှစ်မြစ်ကြီးနားမြစ်ရေတက်တာဟာ ခါတိုင်းနှစ်ထက်တက်ပေမယ့် စိုးရိမ်စရာမရှိတဲ့ အကြောင်း မြောက်ဖျားမှာမိုးရွာလို့မလိခမြစ်ရေနဲ့ ပေါင်းပြီး ရေတက်လာတယ်လို့ပြော ပါတယ်။

ပြီးခဲ့တဲ့ နှစ်ဒီအချိန်ဒီကာလက မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေဟာ ၂၀၀ စင်တီမီတာလောက် အထိ မြင့်တက်ခဲ့ဖူးပါတယ်။

သတင်းဓာတ်ပုံ- သင်းသင်းနွယ်

The post ဧရာဝတီမြစ်ရေ ရုတ်တရက်တိုးလာ၊ လှေသင်္ဘောနှင့် သဲသောင်ပေါ်နေသူများကို သတိပေး appeared first on DVB.


Viewing all articles

Trending Articles