Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာနိုင်ဟု မိုးဇလ သတိပေး

$
0
0

ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာနိုင်တာကြောင့် မြစ်ကြောင်းများအတွင်း သွားလာနေကြတဲ့ ရေယာဉ်၊ လှေ၊ သင်္ဘောတွေ၊ သဲသောင်ခုံတွေမှာ စိုက်ပျိုးနေထိုင်ကြသူတွေ သတိရှိကြဖို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

ဧရာဝတီမြစ်ရေဟာ နောက် ၁ ရက်ကနေ ၃ ရက်အတွင်း မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့မှာ  ၁ ပေမှ ၂ ပေခန့်၊ မြင်းမူမြို့မှာ ၃ ပေခန့်၊ ပခုက္ကူနဲ့  ညောင်ဦးမြို့တို့မှာ ၅ ပေမှ ၆ ပေခန့် မြင့်တက်နိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပါတယ်။

ဒါ့အပြင်  နောက် ၂ ရက်ကနေ ၇ ရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ ၄ ပေကနေ ၅ ပေခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

 

ပြီးခဲ့တဲ့အပတ်အတွင်း မလိခမြစ်အထက်ပိုင်း မြန်မာနိုင်ငံ အနောက်မြောက်ဘက် ပြင်ပဒေသမှာ မိုးရေချိန် တလက်မကျော် ရွာသွန်းခဲ့တာကြောင့် ဧရာဝတီမြစ်ရေ ရုတ်တရက်ကြီးခဲ့တာလို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သူ့ရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။

ဒီရေကြီးမှုဟာ လျှပ်တပြက် ရေကြီးမှုအမျိုးအစား ဖြစ်တဲ့အပြင်  နယ်စပ်ကျော်ဖြတ်ရေကြီးမှု (Transboundary Flood) အမျိုးအစားဖြစ်တယ်လို့ မိုးလေ၀သပညာရှင်က ဆိုပါတယ်။

The post ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာနိုင်ဟု မိုးဇလ သတိပေး appeared first on DVB.


Viewing all articles

Trending Articles