Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လေပြင်းများတိုက်ခတ်နိုင်ဟု မိုးဇလသတိပေး

$
0
0

နွေကာလမှာ နေ့အပူချိန်တွေ မြင့်တက်လာရာကနေ  မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအရပ်ရပ်မှာ အနောက်တောင်မုတ်သုံရာသီမကျမီ နွေကာလအတွင်း နေ့အပူချိန် မြင့်တက်လာရာမှ မွန်းလွဲ/ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး ရွေ့လျားရာ တလျှောက်လေပြင်းတွေတိုက်ခတ်တာ မိုးကြိုးပစ် လျှပ်စီးလက်၊ မိုးသီးကြွေတာနဲ့ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လေပြင်းတိုက်ခတ်ချိန်  မြေပြင်/ရေပြင်လေဟာ  တစ်နာရီလျှင် ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အများပြည်သူတွေအနေနဲ့  ဒီကနေ့ စတင်တဲ့ နွေကာလမှာ ဖြစ်လာနိုင်တဲ့ မိုးလေဝသ ဖြစ်စဉ်တွေကို အထူးဂရုပြုနေထိုင်သွားကြဖို့ မိုးဇလဌာနက  သတိပေး နိုးဆော်ထားပါတယ်။

The post လေပြင်းများတိုက်ခတ်နိုင်ဟု မိုးဇလသတိပေး appeared first on DVB.


Viewing all articles