Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အမည်မသိရေနေသတ္တ၀ါ သောင်းနှင့်ချီ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေပေါ် တက်လာ

$
0
0

ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် ဖူးကစ်ကမ်းခြေမှာ အမည်မသိရေနေသတ္တ၀ါတမျိုး  ထောင်နဲ့ချီ ကုန်းပေါ်တက်လာတယ်လို့ ဒေသခံများရဲ့အပြောကို ကိုးကားပြီး Sanook.com သတင်းမှာ ဖော်ပြပါတယ်။

ဒီကနေ့မနက်က ဖူးခက် ကမ်ခြေနဲ့ မီတာ ၅၀၀ လောက်အကွာမှာ အရင်က တကြိမ်တခါမှ မတွေ့ဖူးသေးတဲ့ အရိုးမဲ့ ရေသတ္တ၀ါတမျိုး အကောင်ရေ ၁ သောင်းကျော် ကုန်းပေါ်တက်လာတာ တွေ့ရှိရကြောင်း ဒေသခံများရဲ့ အပြောကို ကိုးကားဖော်ပြလိုက်တာ ဖြစ်ပါတယ်။

တချို့ဒေသခံတွေကလည်း အဲဒီအကောင်ဟာ သူ့ဖာသာတက်လာတာမဟုတ်ဘဲ လှိုင်းပုတ်လို့ ရောက်လာတာလို့ ပြောကြပါတယ်။

သတင်းထောက်တွေက ကမ်းခြေရှိရာသွားရောက်ပြီး ထူးဆန်းတဲ့အကောင်တွေကို ဗွီဒီယို၊ ဓာတ်ပုံ ရိုက်ယူကာ ဖူးကစ်ခရိုင် ကပ္ပလီပင်လယ်နဲ့ကမ်းစပ်ဆိုင်ရာသဘာဝ အရင်းအမြစ်ဖွံ့ဖြိုးရေး သုတေသနဌာနကို ပေးပို့ခဲ့ပါတယ်။

ညွှန်ကြားရေးမှူး နိုင်းဆုမ်ကစ် ခေါကလစ်ဝုန်းက ဒါဟာ ပင်လယ်မျှော့တမျိုးဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုပြီး အမျိုးအစားအတိအကျကို သိရဖို့အတွက်တော့ ၀န်ထမ်းတွေကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး  အဲဒီအကောင်တွေကို ဓာတ်ခွဲခန်းပို့ဆောင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါအကောင်မျိုးဟာ လွန်ခဲ့တဲ့ ၂-၃ နှစ်ခန့်ကတော့ မလေးရှားနိုင်ငံကမ်းခြေပေါ်လည်း  တက်လာခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဖူးကစ်ဒေသခံတွေကတော့ ဒါဟာ ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ပြီး မကြာခင် သဘာဝဘေးအန္တရာယ် ကျရောက်လာမှာကိုလည်း  စိုးရိမ်မကင်းဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဖူးခက်ကမ်းခြေက နိုင်ငံခြားခရီးသွားဧည့်သည်တွေကတော့ ပုံမှန် အပမ်းဖြေရေ ကစားလျှက်ရှိကြောင်း သတင်းမှာ ဖော်ပြသွားပါတယ်။

(ဓာတ်ပုံ – Sanook.com)

The post အမည်မသိရေနေသတ္တ၀ါ သောင်းနှင့်ချီ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေပေါ် တက်လာ appeared first on DVB.


Viewing all articles

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး