စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အပူချိန် ၄၃.၇ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံးစံချိန်တင် ပူပြင်းခဲ့တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။
ဧပြီ ၁၀ ရက်နေ့ စစ်ကိုင်းမှာ အပူချိန် ၄၃.၇ ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့မှာ ၃၆.၄ ဒီဂရီစင်တီဂရိတ်တို့နဲ့ စံချိန်တင်ပူခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့အပတ်တွေကလည်း တနင်္သာရီတိုင်း၊ ထားဝယ်နဲ့ မြိတ်မြို့တို့မှာ အဲ့ဒီမြို့တို့ရဲ့ စံချိန်တင်အပူချိန်ကို ရောက်ခဲ့တယ်လို့ ခုလိုပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အယ်လ်နီညိုလို့ ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ရဲ့ အကျိုးဆက်ကြောင့် နေ့အပူချိန်တွေမြင့်ပြီး သောက်သုံးရေးရှားပါးမှုနဲ့ ကျန်းမာရေးအန္တရာယ်ရှိတယ်လို့ မိုးလေ၀သဌာနက သတိပေးနှိုးဆော်ထားပါတယ်။
The post စစ်ကိုင်းနှင့် ဟဲဟိုးတွင် စံချိန်တင်ပူ appeared first on DVB.