မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ စစ်တားကျေးရွာအုပ်စု၊ မင်းကွင်း ကျေးရွာမှာ ဧပြီ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်က လေပွေတခုတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၇ လုံးခန့် အိမ်အမိုးတွေ လွင့်ထွက်သွားခဲ့ပါတယ်။
အဲဒီကျေးရွာကို တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်းနဲ့ ဦးဝင်းမြင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါဝင် မြို့နယ်အတွင်းမှ လူမှုကူညီရေးအသင်းတွေက သွားရောက် ကူညီပေးခဲ့ကြပါတယ်။
သားကြီး (တောင်တွင်းကြီး)
The post တောင်တွင်းကြီးတွင် လေပြင်းတိုက် (ဓာတ်ပုံ) appeared first on DVB.