Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မြန်မာငလျင်ကြောင့် အိန္ဒိယတွင် ၂ ဦးသေဆုံး

$
0
0

မြန်မာနိုင်ငံကို ဗဟိုပြု  လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာလည်း ငလျင်ဒဏ်ခံခဲ့ရပြီး  အာသံပြည်နယ်မှာ အနည်းဆုံး ၂ ဦးသေဆုံးကာ ၇၀ ကျော် ဒဏ်ရာရသွားတယ်လို့ အိန္ဒိယနိုင်ငံထုတ် သည်ဟိန္ဒူစတန်တိုင်းမ် သတင်းမှာဖော်ပြပါတယ်။

မနေ့ညက လှုပ်ခတ်သွားတဲ့ ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ ရှိ အင်အားပြင်းငလျင်ကြောင့်  အိန္ဒိယနိုင်ငံ ဘီဟာ၊ အနောက်ဘန်ဂေါ၊ အာသံ၊ မဏိပူ၊ ထရီပူရာ၊ မီဇိုရမ်နဲ့ နာဂလန်းဒေသတွေမှာလည်း ငလျင်ဒဏ်ခံစားခဲ့ရပြီး လူတွေ နေအိမ်ထဲကနေ  အထိတ်တလန့် ထွက်ပြေးခဲ့ကြရတာပါ။

ဒါ့အပြင် ငလျင်ကြောင့် လျှပ်စစ်မီးတွေနဲ့ ဆက်သွယ်ေ၇းတွေ ထိခိုက်ပြီး တချို့နေရာတွေမှာ  မီးရထားခရီးစဉ်တွေထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။  မဏိပူပြည်နယ် အင်ဖာမှာတော့ ရဲတပ်စခန်း အဆောက်အဦတခု ငလျင်ကြောင့် ပြိုကျပျက်စီးမှုရှိခဲ့ပါတယ်။

မြိုတော် နယူးဒေလီအခြေစိုက် အိန္ဒိယ အမျိုးသား မြေငလျင်ဗဟိုဌာနကတော့ ငလျင်ဗဟိုချက်နေရာဟာ  အိန္ဒိယ- မြန်မာနယ်စပ် ကီလိုမီတာ ၁၀၀ လောက်ဝေးတဲ့ မြန်မာနိုင်ငံအတွင်းပိုင်းမှာ ဖြစ်တယ်လို့ ပြောပါတယ်။

The post မြန်မာငလျင်ကြောင့် အိန္ဒိယတွင် ၂ ဦးသေဆုံး appeared first on DVB.


Viewing all articles

Trending Articles


စနေမင်း နှင့် တနင်္ဂနွေမင်း


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား