Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

သဘာဝဘေးပြန်လည်ထူထောင်ရန် ချေးငွေ ဒေါ်လာသန်း ၂၀၀ မြန်မာကိုပေးမည်

$
0
0

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှု မြေပြိုမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက် သဘာဝဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ချေးငွေ အမေရိကန်ဒ်ါလာ သန်း ၂၀၀ ရရှိမယ်လို့ ကမ္ဘာ့ဘဏ်က ကြေညာပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့က မြန်မာကို ချေးငွေပေးအပ်သွားဖို့ ဇူလိုင် ၁၄ ရက်နေ့က ခွင့်ပြုလိုက်တာ ဖြစ်ပြီး ဒီချေးငွေနဲ့ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့လမ်းတွေ ဆောက်လုပ်ဖို့၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေ ဆောင်ရွက်ရာမှာအသုံးပြုသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau ကတော့ လမ်းတွေကို ပြင်ဆင်ပြီး ပိုကောင်းအောင် ဆောင်ရွက်ပေးတာဟာ ရေကြီးရေလျှံဖြစ်ပွားခဲ့တဲ့ ဒေသက လူတွေကို ဈေး၊ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေကို သွားနိုင်ဖို့ အထောက် အကူဖြစ်စေမှာဖြစ်သလို လမ်းတွေပြင်ဆင်ထိန်းသိမ်းတဲ့ အလုပ်တွေမှာဒေသခံတွေ ၀င်ရောက် လုပ်ကိုင်နိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံအနှံ့အပြားမှာ သဘာဝဘေးဒဏ်ကို ခံစားခဲ့ရတာဖြစ်ပြီး အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ရေကြီးမြေပြိုမှုတွေနဲ့ ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရတာပါ။

၂၀၁၅ ဇူလိုင်မှ စက်တင်ဘာလအတွင်း ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း တသန်းခွဲကျော် နေရာရွှေ့ပြောင်းခဲ့ရပြီး လူပေါင်း ၁၃၂ ဦးသေဆုံးကာ လူနေအိမ် စာသင်ကျောင်း၊ လမ်းတံတားနဲ့ စိုက်ပျိုးလယ်ယာမြေတွေ အများအပြား ပျက်စီးဆုံးရှုံးမှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။

The post သဘာဝဘေးပြန်လည်ထူထောင်ရန် ချေးငွေ ဒေါ်လာသန်း ၂၀၀ မြန်မာကိုပေးမည် appeared first on DVB.


Viewing all articles

Trending Articles