ပခုက္ကူမြို့အနောက်ဖက် ၃၈ မိုင်ခန့်အကွာမှာ အင်အား ရစ်ချတာစကေး ၄.၉ အဆင့် ငလျင်တခု ဒီကနေ့ မနက် ၁၀ နာရီ ၅၀ မိနစ် လှုပ်ခတ်ခဲ့တဲ့ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက်မိုင် ၁၁၀ ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပခုက္ကူမြို့၏ အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားကြောင်း ဖော်ပြထားပါတယ်။
The post ပခုက္ကူမြို့အနောက်ဖက် ၃၈ မိုင်အကွာမှာ ငလျင်လှုပ် appeared first on DVB.