Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဧရာဝတီမြစ်ရေတိုးမှုကြောင့် မင်းဘူး ကျေးရွာအချို့ ရေနစ်မြုပ်

$
0
0

ဇူလိုင် ၃၀ ရက်နေ့ည တညလုံး မိုးရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်ရေတိုးလာတာကြောင့် မင်းဘူး (စကု) မြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာအချို့ ရေနစ်မြုပ်ခဲ့ပါတယ်။

ထုံးမကြီးကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာနဲ့ ဆည်လည်ကျေးရွာတွေမှာ ရေနစ်မြုပ်ခဲ့ပြီး ကုန်းမြင့်ရှိရာ အောက်ကျောင်းကျေးရွာ ဘုရားကြီးဝန်းမှာ ရေဘေးသင့်ပြည်သူတွေ သွားရောက်နေထိုင်နေကြပါတယ်။

ဒီကနေ့ ၃၁ ရက်နေ့မှာတော့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၊  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ခလရ ၁၀ က တပ်ရင်းမှူးအပါအ၀င်တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်တွေက စက်လှေတွေနဲ့ သွားရောက်ပြီးအကူအညီပေးနေကြပါတယ်။

လတ်တလော အနေအထားအရ ဧရာဝတီမြစ်ရေဟာ ဆက်လက်မြင့်တက်ဖို့ အနေအထားရှိနေပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ တိရစ္ဆာန် ကျွဲနွား အစရှိတာတွေကို အဓိကပြောင်းရွှေ့ပေးနေရတယ်လို့ ဆိုပါတယ်။

အခုအခါ ရေဘေးရှောင် နေကြသူတွေအတွက် သောက်သုံးရေနဲ့ စားသောက်စရာတွေ လိုအပ်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ဒီဗွီဘီ ကို ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ – ဇော်ဖေ

 

The post ဧရာဝတီမြစ်ရေတိုးမှုကြောင့် မင်းဘူး ကျေးရွာအချို့ ရေနစ်မြုပ် appeared first on DVB.


Viewing all articles

Trending Articles