Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တိုင်ဖွန်းမုန်တိုင်းကြောင့် ဟောင်ကောင်လေကြောင်းလိုင်း ခရီးစဉ် ဒါဇင်နှင့်ချီ ရပ်ဆိုင်း

$
0
0

ဖိလစ်ပိုင်ကမ်းရိုးတန်းကို တိုင်ဖွန်းမုန်တိုင်း နီဒါ ၀င်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံတောင်ပိုင်းနဲ့ ဟောင်ကောင်ဒေသတွင်းကို ရွေ့လျားဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်ကြောင့် ဟောင်ကောင်လေကြောင်းလိုင်း ခရီးစဉ်တွေ ဒါဇင်နဲ့ချီပြီး ရပ်ဆိုင်းထားခဲ့ရတယ်လို့ စီအန်အန်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

လေတိုက်နှုန်းဟာ တနာရီကို ၉၃ မိုင် (ကီလိုမီတာ ၁၅၀) နှုန်းနဲ့ တိုက်ခတ်နိုင်ပြီး တရုတ်နိုင်ငံ အနောက်မြောက်ဘက်ကနေ အနောက်တောင်ဘက်ဆီ ရွေ့လျားလာနေတယ်လို့ ဆိုပါတယ်။

“မုန်တိုင်းဟာ နောက်ဆုံးဦးတည်တဲ့ နေရာ ရောက်ချိန်မှာတော့ နှေးလာပြီး အားပျော့သွားပါလိမ့်မယ်” လို့ မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် အယ်လီဆန်ချင်ချာက ပြောပါတယ်။

“အားပျော့လာမယ့် အစိတ်အပိုင်းဟာ သတင်းကောင်းတခုပါပဲ။ နှေးကွေးလာတဲ့ လေတိုက်နှုန်းကတော့ သိပ်မကောင်းလှဘူး။ ဘာလို့လဲဆိုတော့ တချို့နေရာတွေမှာ လှိုင်းလေကြီးနိုင်ပြီး မိုးအဆက်မပြတ် ရွာနိုင်လို့ပဲ။”

မုန်တိုင်းအန္တရာယ်ကြောင့် ဟောင်ကောင်ကနေ ဒီကနေ့ထွက်ခွာမယ့် လေကြောင်းခရီးစဉ် အနည်းဆုံး ၂၆ ခုလောက်ကို ဖျက်သိမ်းခဲ့ရတယ်လို့ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်က သတင်းထုတ်ပြန်ထားပါတယ်။

All Cathay Pacific လေကြောင်းလိုင်းနဲ့ Dragonair လေကြောင်းလိုင်းတွေအနေနဲ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီကနေ နောက်တနေ့ နေ့လယ် ၂ နာရီထိ ခရီးစဉ်တွေကို ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဟောင်ကောင်အစိုးရ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာနကတော့ ဆိုင်ကလုန်းမုန်တိုင်း နီဒါကို အန္တရာယ်ရှိ အဆင့် ၃ အနေနဲ့ သတ်မှတ်ထုတ်ပြန်ထားခဲ့ပြီး ညနေပိုင်းမှာတော့ အဆင့် ၈ အထိ ဖြစ်လာနိုင်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက်မှာ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားခဲ့ရတာပါ။

မုန်တိုင်းဒဏ်ကြောင့် ရေလွှမ်းမိုးမှုဒဏ် ခံရနိုင်ခြေရှိတဲ့ ဒေသမှ လူတွေကို ၁ ရက်ကနေ ၃ ရက်အထိ ကြိုတင်ပြင်ဆင်ထားကြဖို့လည်း သတိပေး နှိုးဆော်ချက်တွေ ထုတ်ပြန်ထားတာပါ။

နီဒါဟာ ဖိလစ်ပိုင်နိုင်ငံကို ဇူလိုင် ၃၀ ရက်နေ့က ၀င်ရောက်ခဲ့ချိန်မှာ နိုင်ငံမြောက်ပိုင်း ဒေသတွေမှာ မိုးရေချိန် ၂၈၇ မီလီမီတာထိ ရွာသွန်းခဲ့တာပါ။

မြောက်ပိုင်းဒေသတွေဖြစ်တဲ့ ဇမ်ဘေးလ်နဲ့ ဘက်တန်ခရိုင်တွေထဲမှာ ရေလွှမ်းမိုးမှုတွေ၊ မြေပြိုမှုတွေ ဖြစ်နိုင်ချေရှိတဲ့အတွက် သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ဖိလစ်ပိုင်အစိုးရကတော့ သူတို့အနေနဲ့ အိမ်ထောင်စုတွေအတွက် ထောက်ပံ့ရေး စားနပ်ရိက္ခာထုပ် ၃၁၀၀၀ ကျော် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

The post တိုင်ဖွန်းမုန်တိုင်းကြောင့် ဟောင်ကောင်လေကြောင်းလိုင်း ခရီးစဉ် ဒါဇင်နှင့်ချီ ရပ်ဆိုင်း appeared first on DVB.


Viewing all articles

Trending Articles