Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဆီးဂိမ်း ဖွင့်ပွဲ မိုးမဖျက်နိုင်

$
0
0

ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပမယ့် နေပြည်တော် အပါအ၀င် တိုင်းနဲ့ပြည်နယ်အတော်များများမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေ၀သဌာနက ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

Slide10

Photo by tunlwin.com

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မဒီ ဆိုင်ကလုန်းမုန်တိုင်းက ထွက်နေတဲ့ တိမ်တန်းတွေဟာ မြန်မာနိုင်ငံဘက် ရောက်ရှိနေတာကြောင့် အခုလို နေရာကွက်ကျား မိုးရွာနိုင်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီနေ့လည်း နေပြည်တော်မှာ မိုးရွာခဲ့ပြီး မနက်ဖြန်အတွက် ခန့်မှန်းချက်ကတော့ နေပြည်တော်မှာ နေရာကွက်ကျားမိုးရွာနိုင်တယ်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နေပြည်တော်မှာ ရွာနိုင်တဲ့ မိုးရေချိန်ဟာ လက်မ၀က်လောက်ပဲရှိတာမို့ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲကို မထိခိုက်လောက်ဘူးလို့လည်း ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။


Viewing all articles

Trending Articles