Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းငယ် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး မနက်ဖြန် မြန်မာ့ကမ်းရိုးတန်း ၀င်ရောက်နိုင်

$
0
0

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ၄၈နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ပြီး၊ မြန်မာနိုင်ငံကမ်းရိုးတန်းကို မနက်ဖြန်မှာ ဖြတ်သန်းဝင်ရောက်နိုင်တယ်လို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“မုန်တိုင်းငယ်ရဲ့ ရွေ့လျားမှုက မြန်နေတဲ့အတွက်ကြောင့် ခန့်မှန်းထားတာတော့ အောက်တိုဘာ ၂၃ လောက် မြန်မာ့ကမ်းရိုးတန်းဘက်နားကို ရောက်နိုင်တဲ့အနေအထား ရှိတယ်၊ ၂၄ရက် ဆိုရင်တော့ ကမ်းကို ဖြတ်မယ်၊ ကမ်းကိုဖြတ်ပြီးတဲ့ အခါကျတော့ ကမ်းထဲကို ၀င်မသွားဘဲ ၂၅ ရက်လောက် ကျရင် ဘင်္ဂလားပင်လယ်အော်ထဲ ပြန်လှည့်မယ့် အနေအထား။”

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီ၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ တနာရီ မိုင် ၅၀-၆၀ နှုန်းလောက် ရှိတဲ့ လေပြင်းတွေ တိုက်ခတ်နိုင်ပြီး မုန်တိုင်းဒီရေ မြင့်တက်လာနိုင်တယ်၊ မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးရွာပြီး ဒေသအလိုက် မိုးကြီးနိုင်တယ်လို့လည်း ပြောပါတယ်။

လတ်တလောမှာတော့ ဆိုင်ကလုန်းမုန်တိုင်း နာမည် မပေးရသေးဘဲ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေလို့ လိမ္မော်ရောင် အဆင့်သတ်မှတ် ထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောတွေ ကြိုတင်သတိပြုဖို့လည်း အကြံပြုထားပါတယ်။

The post မုန်တိုင်းငယ် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး မနက်ဖြန် မြန်မာ့ကမ်းရိုးတန်း ၀င်ရောက်နိုင် appeared first on DVB.


Viewing all articles

Trending Articles